ဧကရာဇ်မင်းကြီး၀မ်နဲ့ အချစ်တော်ရှောင်း

2K 166 11
                                    

ဖူး~~ဖူး

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ဖူး~~ဖူး ...

နဖူးပေါ်မထိတရိလာကျီစယ်နေတဲ့လေနွေးနွေးကြောင့် ပူတူးလေးရဲ့ မျက်ပေတုံးလေးတွေဟာ ခပ်မှေးမှေးလေးပွင့်လာရတယ်...

မြင်မြင်ချင်း မြင်လိုက်ရတာက ချစ်ရသူရုပ်သွင်လွှာ။
နှာဖျားချွန်ချွန်ကို ပူတူးလေးမျက်နှာနဲ့ထိတွေ့မတတ်နီးကပ်စေရင်း ချစ်ရည်ရွှန်းလဲ့နေတဲ့ မျက်၀န်တစ်စုံကတော့ ပူးတူးလေးကို မြတ်မြတ်နိုးနိုးကြည့်လို့...

" ညီလာခံမတက်တာ သုံးရက်ရှိပြီ"

" ရှောင်း....စစ်ပွဲကြီးပြီးသွားပြီလား? "

ခုမှနိုးကာစမျက်လုံးတွေကိုပွတ်သပ်လို့ဆိုလာသူကို ရှောင်းကတစ်ချက်ငုံ့နမ်းလို့ဖြေလာတယ်။
အိပ်ရာနိုးစရေဓာတ်လိုနေတာမို့ နှုတ်ခမ်းအိအိလေးတွေ့က ခြောက်သွေ့လို့။

" စစ်ပြီးသွားတာ ခြောက်နှစ်ရှိပြီလေ အချစ်ရဲ့ ၊ ဧကရာဇ်မင်းက အချစ်ရဲ့ပါးပါးကြောင့် သူမသိမ်းခဲ့ရတဲ့ ယောကို ကိုယ်ကလက်ဆောင်ပေးခဲ့တာမို့ သဘောကျနေခဲ့တာမဟုတ်ဖူးလား? ဆုလာဘ်အနေနဲ့ ဘုရင့်ရဲ့သားမက်တော်နေရာကနေ ခုဆိုဘုရင့်အချစ်တော်နေရာရောက်လာတာ သုံးနှစ်ရှိပြီပေါ့"

ပူတူးလေးက မျက်တောင်ကိုတစ်ဖျပ်ဖျပ်ခတ်လို့စဉ်းစားတယ်။
ဟုတ်ပါတယ်...
ဆောင်းအစမှာပြန်ရောက်လာတဲ့ရှောင်းက ခမည်းတော်ရဲ့ခြေရာကိုနင်းလို့အောင်ပွဲကို ယူဆောင်လာခဲ့တယ်။
မသေရုံဒဏ်ရာတွေရလာခဲ့ပေမယ့် နန်းတော်မှာ စစ်ဗျူဟာကြမ်းတွေစနစ်တကျလေ့လာရတာမဟုတ်တဲ့အပြင် ရှောင်းရဲ့ ပထမဆုံးစစ်ပွဲမို့ခမည်းတော်က ကျေနပ်နှစ်ခြိုက်တော်မူတယ်...

ဆုလာဘ်အဖြစ် ပူတူးလေးနဲ့ထိမ်းမြားစေပြီး ခုဆို ဧကရာဇ်အရိုက်အရာကို သားတော်အိမ်ရှေ့စံထံလွှဲအပ်ပေးခဲ့တာသုံးနှစ်ရှိပြီဖြစ်တယ်။

The Whole Emperor's Love S(2){整个帝国的爱}//Completed//Where stories live. Discover now