𝙅𝙞𝙢𝙞𝙣
(1)
"Jimin..မောင့်ကိုချစ်လား.."
"ဘယ်လိုတွေတောင်မေးလိုက်တာလဲ..? မောင့်ကိုဒီပင်လယ်ပြာကြီးလောက်ကိုချစ်တာ"
ချစ်သူနှစ်ဦး..
ပင်လယ်ပြာကြီးရှေ့တွင်
စိတ်ပြေလက်ပျောက်နေနေကြတယ်။အရှေ့တွင်ပင်လယ်ပြာကိုကြည့်ပြီးမတ်တပ်ရပ်နေတဲ့Jiminကို နောက်မှသိုင်းဖက်ကာ...
မတွေ့ရတဲ့ရက်ပေါင်းများစွာအတွကစုပေါင်းပြီးချစ်နေကြသည်။"KimTaehyungကိုကော...?"
"မောင်... အဲ့လိုကြီးမမေးနဲ့လေကွာ။ "
"မမေးလို့ရမလား...မင်းတို့ကလက်ထပ်ထားတာ အတူတူနေကြတာ။ သူ့ကိုချစ်သွားမှာမောင်အရမ်းကြောက်တာဘဲ"
"မောင်ကကိုယ့်ကိုယ်မယုံတာလား"
"KimTaehyungကိုမယုံတာ။ မင်းတို့ကတရားဝင်လက်ထပ်ထားကြတာ... ဘယ်လိုဘဲစီးပွါးရေးကြောင့်ပြောပြောအတူတူနေကြတာ ပြီးတော့မောင်မြင်ရတာမဟုတ်ဘူး"
Jiminသည် မောင်ဖက်ထားသည့်လက်ကိုဖယ်ကာ
မောင်နှင့် မျက်နှာချင်းဆိုင်နေပြီး
မောင့်မျက်နှာကို လက်ဖဝါးနှစ်ဖက်တို့အုပ်မိုးပြီးကိုင်ထားသည်။"မောင်.. အဲ့တာကကိုယ့်ကိုယ်မယုံတာနဲ့အတူတူဘဲ။ မောင်သိထားရမှာက ParkjiminကJeonjungkookကိုအရမ်းချစ်တယ်ဆိုတာဘဲ"
"မောင်လဲမင်းကိုအရမ်းချစ်တယ်.."
"ကိုယ့်အချစ်တွေကလဲဘယ်သူမှမမှီဘူး မောင်"
"အဲ့တာဆိုမနက်ဖြန်မပြန်နဲ့.. နည်းနည်းထပ်နေကြမယ်လေ"
"မရဘူးလေကွာ.. ဒီနေ့Dinnerရှိတာကို"
"မောင်ခိုးမချစ်ချင်တော့ဘူး။ တရားဝင်ပိုင်ဆိုင်ချင်လာပြီ"
မောင့်ကိုလှလှလေးသာပြုံးပြလိုက်ပါသည်။
အခြေနေတွေကနည်းနည်းတော့ရှုပ်ထွေးသေးတာမို့။"Hotelပြန်ရအောင်လေ"
"အွန်းး"
ညလဲမှောင်နေတာကြောင့်..
ကျွန်းပေါ်မှာလူသူမဲ့နေပြီ။