𝙅𝙞𝙢𝙞𝙣(2)
အိမ်ပြန်ရောက်တော့...
ခြေစုံလက်စုံပစ်ကာအိပ်ယာပေါ်လှဲချလိုက်သည်။
Taeကတော့အလုပ်မှာထင်တယ်။
ကုတင်ဘေးကဖုန်းလေးတုန်နေတာကိုတောင်မသိလိုက်။
ပင်ပန်းပြီးအိပ်ပျော်သွားတာ
နေ့လယ်၂:၀၀တောင်ထိုးနေပြီ။အပျင်းကြောဆွဲကာဖုန်းလေးယူကြည့်တော့...
Miss callပေါင်းများစွာ...
အခြားသူတော့မဟုတ်၊
မောင်နဲ့Taeနဲ့သာ။Taeရဲ့Callတွေပိုများနေတာကြောင့်အရေးကြီးနေသည်ထင်လို့သူဆီကိုသာအရင်ဆက်လိုက်သည်။
"ဟယ်လို.."
"ဟယ်လိုBaby အိမ်ပြန်ရောက်ပြီလား"
"အင်း ရောက်ပြီ"
"ဖုန်းဘာလို့မကိုင်တာလဲ"
"အိပ်ပျော်သွားလို့ပါ..."
"ညနေ၆:၀၀ကြရင် Daddyတို့နဲ့Dinnerသွားစားရမှာအဆင်သင့်ပြင်ထားကိုယ်၅:၃၀လောက်လာခေါ်မယ်"
"အွန်း.."
တီ တီ တီ
မချစ်ဘဲယူထားကြတယ်ပေါ့...ဒါမှမဟုတ်တစ်ယောက်နဲ့တစ်ယောက်မပြောဖြစ်တာလား။
ကျောင်းတုန်းကသံယောဇဉ်လေးတွေလဲရှိသည်။...အင်...ကျောင်းတုန်းကတော့ချစ်ခဲ့ကြသေးသည်။...မောင်နဲ့ကောဘဲ။အသက်တွေကြီးလာတော့တစ်ယောက်တစ်နေရာဆီဝေးကွာသွားကြပြီး ပြန်တွေ့တော့လဲစုံစုံညီညီ။အခု...
မောင့်ဆီဆက်လိုက်တယ်။"ဟယ်လို မောင်..."
"မောင့်ဖုန်းကိုဘာလို့မကိုင်တာလဲ၊ခုဏကထပ်ဆက်တော့လဲမအားသေးဘူးတဲ့ ဘယ်သူနဲ့ပြောနေတာလဲ"
"ကိုယ်အိပ်ပျော်သွားလို့ပါ ခုဏက...KimtaehyungကDinnerသွားရမယ့်ကိစ္စပြောတာ"
"အင်း.."
Taeအကြောင်းပြောလိုက်ရင်
မောင်သည်တိတ်ဆိတ်သွားသည်။
စိတ်မချနိုင်ဖြစ်နေတာာ...။
မောင်ကချစ်စရာလေး။"ကိုယ်ခဏနေရင်သွားရတော့မှာ ဖုန်းဆက်မနေနဲ့ဦး"
"အင်း.အင်း မောင်စိတ်မချဘူး"