Unicode
𝙅𝙞𝙢𝙞𝙣
(15)
"လူကြီး..!! ခင်ဗျားဘယ်လိုရောက်လာတာလဲ??"
နေ့လည်ခင်းမှာဟိုစုံတွဲအပေါ်တက်ပြီးဘာလုပ်နေကြမှန်းမသိလို့....
အောက်ထပ်မှာပျင်း၍တီဗွီထိုင်ကြည့်နေသည်။
နှင်မထုတ်သ၍ဒီမှာနေမယ်လို့ဆုံးဖြတ်ထားပုံ။မကြာပါ....
လူကြီးJooNက ဘယ်ကနေရောက်လာမှန်းမသိ။"Gigiလေး.. ကိုယ်အလုပ်မအားတာသိရက်နဲ့ဘာလို့ ဒီလိုလျှောက်သွားနေတာလဲ??"
"လာပြန်ပြီအလုပ်!! တွေ့တာနဲ့အလုပ်အကြောင်းပြောတော့တာဘဲ!!"
"....အရေးကြီးကိစ္စလေးတွေရှိနေလို့ပါ။ ပြီးတော့ အခုအလုပ်ကိစ္စက.."
"တစ်ခါလာလဲအလုပ်၊နှစ်ခါလာလဲအလုပ်နဲ့ အချိန်မပေးနိုင်ရင် မတွဲနဲ့တော့..."
"Gigi... ကိုယ်တောင်းပန်ပါတယ်ကွာ...။ ဒီလက အစည်းဝေးမှာ.."
"အို!! မကြားချင်ဘူး။ လာချော့တာမဟုတ်ဘဲ အလုပ်များကြောင်းလာပြောနေတာလား...?? ခင်ဗျားအေးဆေးအလုပ်လုပ်လို့ရအောင် ထွက်သွားပေးတာလေ.. ခင်ဗျားအေးဆေးအလုပ်လုပ်လို့ရတာပေါ့။ "
"GiGi .. ကိုယ်!!"
"Jeon jungkookနဲ့များကွာပ..!!! သူ့ကြင်သူလေးအနားမှာဘဲအမြဲ မနက်စာလုပ်နေရင်းတောင် သူ့ဟာလေးကိုချီထားရတာ ဥစ္စာကလဲခြောက်သလားမမေးနဲ့။ အလုပ်တောင်သွားတာမဟုတ်ဘူး။ ဒါတောင်အခုမှစချစ်တက်တာနော်.."
"ကိုယ်အနူးညွန့်တောင်းပန်ပါတယ်ကွာ...။ကိုယ်Gigiကိုအချိန်ပေးနိုင်အောင်ကြိုးစားပေးမယ်လေ"
"တွဲနေတဲ့၅နှစ်လုံးခင်ဗျားလျစ်လျူရှုထားတာက၄နှစ်လောက်..!! အမြဲသီးခံပေးနေရတာ.... ။ လွန်လွန်းတယ် ဟင့်..!!"
အိမ်ပြင်ကိုထွက်သွားတဲ့ Gigiလေးနောက်ကို JooNပြေးလိုက်ရလေသည်။
JeOnနဲ့တောင်မတွေ့ရသေးသူကလဲဘယ်ရောက်နေမှန်းမသိ။
နောက်မှဘဲအေးဆေးလာတွေ့တော့မယ်ဆိုပြီး ကောက်နေသူလေးနောက်လိုက်သွားတော့သည်။