အပိုင်း။၁၂။

3.1K 309 9
                                    

Unicode

𝙅𝙞𝙢𝙞𝙣

(12)

"အော် Hyungလာတာဘဲ။ ဝင်ခဲ့ခိုင်းလိုက်...
Jimin.. အခန်းထဲသွား"

"ဘာလို့လဲ?? သူကဘယ်သူလဲ"

"မောင်တက်ဆို တက်လိုက်ပေါ့ကွာ.. မောင်ရိုက်မှရမှာလား??"

မတက်နိုင်ဆုံး အလှလေးအရှုံးပေးလိုက်ပါသည်။
Minyoongiဆိုသူကဘယ်သူလဲတအားသိချင်မိပါသည်။
မောင် နဲ့ဘယ်လိုပတ်သတ်နေတာလဲ သိချင်သည်။

"Hyung..."

လှေကားနားမှာပုန်းပြီးနေနေတဲ့အလှလေးဟာ မောင့်ဆီမှ အဲ့လူကို 'Hyung' လို့ခေါ်သံ။
ပါးပြင်ပေါ်ကနေ ဖြတ်သန်းသွားတဲ့မျက်ရည်စတို့....
သူ့ကိုတောင်တစ်ခါမှHyung လို့ခေါ်ဖူးတာမဟုတ်။
ပြောမပြတက်အောင်ဝမ်းနည်းတာပေါ့...

"Jungkook.. မင်းတောင်လက်ထပ်လိုက်ပြီကြားလို့"

"ဒါပေါ့ Hyungရယ့် ကျွန်တော့်မိန်းမသေးသေးလေးက အရမ်းချစ်ဖို့ကောင်းတာ Hyungလိုဘဲ..."

မောင်ကအခု အခြားသူနဲ့ယှဉ်ပြီး...
ပြောလိုက်တယ်။
အဲ့Minyoongiဆိုတဲ့သူကဘယ်သူလဲ?? သိရသလောက် မောင့်မှာ မိသားစုဝင်တွေတောင်ရှိတာမဟုတ်ဘူး။
သူစိမ်းတစ်ယောက်နဲ့ ယှဉ်ယက်ပြီး...
ဟင့် မောင် မောင် ...

"ငါ့ကိုလဲ မိတ်ဆက်ပေးလေ။ "

"မိတ်ဆက်ပေးစရာလား...!! ကျွန်တော့်ကလေးကို ကျွန်တော်ကဖွက်ထားတာ.. "

"မင်းကဥစ္စာခြောက်လှချီလား!!"

"ကျွန်တော့်အမျိုးသားလေးက လူမြင်လို့မဖြစ်ဘူးဗျ...! အရမ်းလှလွန်းတယ်ဗျ.."

"ပိုလွန်းပါတယ်ကွာ.. "

အမှန်ပင်။
မြင်ရင် ချက်ချင်းအရည်ပျော်သွားမှာ။
မောင် သိပ်ကြောက်သည်။
ဆိုင်သူလေးထားသွားမှာကို....

သို့သော်...

အမျိုးသားလေးဆိုတဲ့ နာမ်စားလေးကြောင့် လှေကား၌ပြုံးပျော်နေသူလဲရှိသည်။
ကိုယ်ဒီမှာရှိနေတုန်းဆိုတာ သူမသိပေမယ့် ကိုယ့်ကိုယ်ချော့နေသလို။
မောင်က တစ်ကယ်မျက်နှာ ၁၈ မျိုးနဲ့သူပါ။

𝐉𝐈𝐌𝐈𝐍 ❦   [complete]Dove le storie prendono vita. Scoprilo ora