➪ 𝐎𝐡, 𝐉𝐞𝐬𝐮𝐬 ! 𝐖𝐡𝐲 𝐜𝐚𝐧 𝐲𝐨𝐮 𝐧𝐞𝐠𝐥𝐞𝐜𝐭 𝐦𝐞 ?
• •
- UNICODE -
" သခင်လေး သခင်လေး ! "
တစ်စုံတစ်ယောက်က သူ့ပခုံးနဲ့လက်မောင်းကို မနားတမ်း လှုပ်ရမ်းလာတယ်ဆိုတဲ့ ခံစားမှုကြောင့် မဖွင့်ချင်သေးသည့် မျက်ခွံတို့ကို အားတင်းကာ ဖြည်းဖြည်းချင်း ဖွင့်လိုက်ရသည်။ မြင်လိုက်ရသည်က သူ့အား စိုးရိမ်တကြီး ကြည့်နေကြသည့် အိမ်တော်ထိန်းနဲ့လူကာ။
" ဘာလို့လာနှိုးတာလဲ ? "
လေသံက မာမာထန်ထန် မဟုတ်သော်လည်း ခပ်ပျော့ပျော့လည်း မဟုတ်။ အစောကြီး အိပ်ရာက ထရတာကို မကြိုက်တာမို့ ဘဝင်ကျတဲ့ အသံမျိုးတော့ ဖြစ်နေသည်။ လူကာက သူ့ခေါင်းကို ကုတ်ပြန်သည်။ သခင်လေးကို ကြည့်ရတာ သာမန်အတိုင်းပဲ။ ဘာမှမဖြစ်သလိုမျိုး။
" သခင်လေး အိပ်ပျော်နေတဲ့နေရာကိုလည်း ကြည့်ပါဦး။ "
အိမ်တော်ထိန်းရဲ့စကားကြောင့် ဘေးဘီကို ကြည့်လိုက်မိတော့ ဂျေး မျက်လုံးပြူးသွားမိသည်။ သူအိပ်ပျော်နေခဲ့တာ အိမ်တော်က အိပ်ရာပေါ်မှာ မဟုတ်ဘူးပဲ။ အော်ရိုရာတွေ ရောက်လာခဲ့တဲ့ နှင်းတွေအဖွေးသား ဖုံးလွှမ်းနေတဲ့ မြေပြင်ပေါ်မှာ ဘာအကာအကွယ်မှ မပါဘဲ အိပ်ပျော်နေခဲ့တာ။ အံ့သြလွန်းလို့ အကြာကြီးအထိ ဘာစကားမှ မဆိုနိုင်ခဲ့။
ဂျေးက အအေးဒဏ်ကို မခံနိုင်ပါ။ မွေးရာပါ အဆုတ်အားနည်းတာကြောင့် သူများတွေထက် အအေးဒဏ်ကို ပိုကြောက်သည်။ အေးတဲ့အချိန် အိမ်မှာ နေလျှင်တောင်မှ ဆွယ်တာကို သုံးထပ်လောက် ဝတ်ထားမှ အဆင်ပြေသည့်သူပင်။
အခုတော့ တစ်ညလုံး သည်နေရာမှာ အိပ်မောကျနေခဲ့တယ်ဆိုတော့ အံ့သြစရာမဟုတ်လို့ ဘယ်ဖြစ်မလဲ။ တစ်ချက်ကလေးတောင် မနိုးခဲ့သလို အေးစိမ့်တဲ့ ဒဏ်ကိုလည်း တစ်ခဏလေးတောင် မခံစားမိခဲ့။ အနွေးထွေးဆုံးသော နေရာမှာ အိပ်မောကျနေခဲ့သလို စိတ်ကလည်း ရွှင်လန်းလို့နေသည်။
" မိုက်ကီရော "
" မိုက်ကီကို အိမ်တော်ကို ခေါ်သွားကြပါပြီ။ သူလည်း နေမကောင်းဖြစ်နေပါတယ်။ ကြည့်ရတာ ဒီနေရာမှာပဲ သခင်လေးနဲ့အတူ အိပ်ပျော်သွားလို့ အအေးမိသွားတာထင်ပါတယ်။ "
YOU ARE READING
𝖣𝗂𝗆𝗉𝗅𝖾'𝗌 @𝗝𝗮𝘆𝘄𝗼𝗻
Fanfic𝖶𝗁𝖾𝗋𝖾 𝖺𝗋𝖾 𝖳𝗁𝖾 𝖠𝖽𝖽𝗂𝖼𝗍𝗂𝗈𝗇𝗌 𝗌𝗍𝖺𝗋𝗍? 𝖶𝗂𝗌𝗁𝗌 𝗍𝗁𝖺𝗍 𝖳𝗁𝖾 𝖦𝗈𝖽 𝗇𝖾𝗀𝗅𝖾𝖼𝗍𝖾𝖽. 𝖲𝗍𝖺𝗋𝗍 𝖿𝗋𝗈𝗆 𝖳𝗁𝖾 𝖣𝗂𝗆𝗉𝗅𝖾'𝗌 𝖽𝗂𝗆𝗉𝗅𝖾𝗌. 𝖮𝗁 ! 𝖩𝖾𝗌𝗎𝗌, 𝖧𝖾 𝗀𝗂𝗏𝖾𝗌 𝗍𝗁𝖾 𝗅𝗂𝖾𝗌. 𝖩𝗎𝗌𝗍 𝗍𝗋𝗎𝗌𝗍 𝗍𝗁𝗈...