'ဒါရာ' တစ်ယောက် ကျောင်းကန်တင်းတွင်ထိုင်နေရင်းဒေါပွနေလေသည်။အကြောင်းရင်းမှာ လွန်ခဲ့သည့်တစ်ပတ်ကမှပြောင်းလာသောဆရာအသစ်သည် မိမိ၏ေတးနှင့်အလွန်အမင်းရင်းနှီးနေခြင်း။ အရယ်အပြုံးသိပ်မရှိသော တေးလေးကလည်း တစ်ခါတစ်ရံထိုဆရာနှင့်စကားပြောလျှင်ပြုံးရွှင်လို့။ ဒါရာ ဘယ်လိုသိသည်ဟုမမေးနှင့် တေးလေးသွားသည့်နေရာတိုင်း သန့်စင်ခန်းအထိလိုက်ချောင်းနေမြဲ။
"ဒါဒါ!!!"
မိမိကျောကိုပုတ်ခါအနားတွင်ဝင်ထိုင်သော
'ဒက်စတင်' နှင့် 'ဂျက်' ။ အခန်းတွင်းအဆင့် ၃နှင့်၄။နှစ်ယောက်စလံုးနှင့်ငယ်ငယ်ကတည်းကအိမ်နီးနားချင်းတွေမို့ အကြောင်းသိအစင်းသိများ။"ဘာတုန်းဟာ ပြီးတော့ဒါဒါမဟုတ်ဘူး ဒါရာကွ!!"
"မင်းကလဲ ငယ်ငယ်လေးထဲကဒီလိုပဲခေါ်လာတဲ့ဟာကို ဒါနဲ့ ငါတို့မင်းမျက်နှာမှာပေါက်ကွဲမယ့်အငွေ့သက်တွေလှမ်းတွေ့လို့အပြေးရောက်လာတာ"
ဟုဂျက်ကပြောတော့
"ဟုတ်တယ်။ဘာလဲ မင်းဆရာသစ်နဲ့ တေးကဗျာ အကြောင်းတွေးနေတာမလား?"
ဟု ဒက်စတင်ကလည်းဝင်ထောက်ခံလေသည်။"အဲ့လောက်တောင်သိသာနေတာလား"
"ဒါပေါ့!!!!!!"
ဆိုပြီးအသံကျယ်ကြီးနှင့်ခေါင်းငြိမ့်ပြသောသကောင့်သားနှစ်ကောင်ကြောင့် အနားတွင်ရှိသောသူများ၏အာရုံများသည် မိမိတို့ဆီရောက်လာသည်။"ဖြေးဖြေးပြောပါဟ ခွားမသေးကြီးတွေရ!"
"ဒါနဲ့လေ မင်းကြိုက်နေတာကို တေးကဗျာကလဲသိမယ်ထင်တယ်"
"ကြိုက်တာမဟုတ်ဘူးဟ!!ချစ်တာ!ချစ်တာ!"
ဟုပြောကာ ဂျက်၏ကျောကိုသုံးချက်ဆင့်လောက်ထုလိုက်တော့ ဒက်စတင်ကအားရပါးရရယ်လေသည်။"အေးပါ ချစ်တာ"
"မင်းကဘာလို့သူသိမယ်ထင်တာလဲ?"
"မင်းစဉ်းစားကြည့်လေ တစ်တန်းလုံးမင်း
တေးကဗျာကိုသဘောကျနေတာသိကြတယ် ဒါကိုသူကုိယ်တိုင်က မသိရအောင်ဒီကောင်ဒက်စတင်လိုငတုံးမှမဟုတ်တာ ..."စပ်ဖြဲဖြဲမျက်နှာထားမှချက်ချင်းမျက်နှာတည်သွားသောဒက်စတင်က
YOU ARE READING
GL အပိုင်းတိုများ
Randomမိမိစိတ်ကူးထဲမှအကြောင်းအရာများကိုပုံဖော်ထားတာကြောင့် လက်တွေ့ဆန်မှဆန်ချင်မှာပါ။ အရေးအသားကလဲမကောင်းတာကြောင့်သည်းခံပေးပါ။