နေ့လည်စာစားချိန် ဒါရာတစ်ယောက်ဆရာခန်းဘက်သို့လာခဲ့သည်။ ခေါင်းထဲတွင်တော့ သောကြာနေ့ညက အကြောင်းနှင့်ပြည့်နှက်လျက်။
<<<<<သောကြာနေ့ည<<<<<
အိမ်ကိုလာကြိုဖို့ဖုန်းဆက်ခေါ်နေသော တေးလေးကို ဒါရာမျက်တောင်မခတ်ဘဲကြည့်နေမိသည်။
"ဒါဒါ.."
"ဘာတဲ့လဲ"
"ကိုကိုက လာကြိုမယ်တဲ့"
"ပြန်နေသေးတယ်တေးကလဲ ဒီညငါနဲ့တူတူအိပ်လိုက်တာမဟုတ်ဘူး"
ဘာမှပြန်မပြောပဲပြုံးပြလိုက်သည့် တေး။
"ဒါနဲ့ ကိုကို ဆိုတာက..."
"ငါ့ရဲ့အစ်ကိုလေ "
"ဟင်..တေးမှာအစ်ကိုရှိတာလား အရင်းလား?"
"အွန်း ဟုတ်တယ်လေ"
"ဘာလို့မိတ်ဆက်မပေးတာလဲ လျှိုထားတယ်ပေါ့"
နှုတ်ခမ်းဆူကာမေးနေသောဒါရာကြောင့် တေးကဗျာပြာပြာသလဲဖြစ်သွားသည်။"မဟုတ်ပါဘူး စကားလမ်းမသင့်လို့ရယ် ပြီးတော့ ငါ့အစ်ကိုကကျောင်းဆရာဖြစ်နေတော့ ငါအဆင့်ကောင်းတာ အစ်ကို့ကြောင့်လို့ထင်နေကြမှာစိုးလို့ ငါလဲမပြောပြဖြစ်တာပါ ...ဘာလို့ဆိုငါ့ဖေဖေကလဲကျောင်းဆရာဖြစ်နေတော့ ငါ့အစ်ကိုတုန်းကအဆင့်ကောင်းတာ ဖေဖေကမျက်နှာလိုက်တယ်လို့အထင်ခံခဲ့ရဖူးလို့လေ"
"အင်းပါ ဟုတ်ပါပြီတေးရဲ့ အဲ့လောက်ရှင်းပြနေစရာမလိုပါဘူး...ဒါနဲ့ နင့်ရဲ့အစ်ကိုဆိုတာက.."
"ညီမလေး လာပြန်မယ်လေ"
ခြံရှေ့တွင်ရပ်ကာစကားပြောနေကြသော ဒါရာတို့နှစ်ယောက် ကားဘယ်တုန်းကလာရပ်မှန်းတောင်သတိမထားမိကြ။"ဟင် !!ဆရာတေးသံသာ!!"
"ဒါရာ ဆရာ့ညီမလေးကိုပြန်ခေါ်သွားတော့မယ်နော် ကျောင်းဖွင့်မှတွေ့ကြတာပေါ့"
"ဟုတ်"
>>>>>>ယခု>>>>>>
(သွားပါပြီ သွားပါပြီ မိုးကြိုးတွေတော့ပွတ်ကုန်တော့မှာပဲ )
"ဘာတွေတွေးနေလို့ ဆရာ့ကိုတောင်ဝင်တိုက်လုမတတ်ဖြစ်နေတာလဲ ဒါရာ"
YOU ARE READING
GL အပိုင်းတိုများ
Randomမိမိစိတ်ကူးထဲမှအကြောင်းအရာများကိုပုံဖော်ထားတာကြောင့် လက်တွေ့ဆန်မှဆန်ချင်မှာပါ။ အရေးအသားကလဲမကောင်းတာကြောင့်သည်းခံပေးပါ။