"မင်္ဂလာပါဆရာ"
"မင်္ဂလာပါတပည့်တို့"
နှုတ်ဆက်ပြီးပြီးချင်းမြူနှင်းသတိထားမိသည်က ဆရာ့၏နောက်တွင်ကိုယ်လုံးသေးသေးနှင့်ကောင်မလေးတစ်ယောက်။
"ကဲတပည့်တို့ အားလုံးနဲ့မိတ်ဆက်ပေးစရာလူရှိတယ် ၊ ဟောဒါက ဒေါ်သက်ရွှေစင်တဲ့"
"ဟင်!!"
"ဘာဖြစ်တာလဲ သင်တန်းသူလေး"
မိမိထက်ငယ်မည်ဟုထင်ထားသော်လည်း ဆရာမှဒေါ်ဟုတပ်ကာမိတ်ဆက်ပေးသောကြောင့် မြူနှင်းအံ့သြမိ၍ အာမေဋိတ်ထွက်မိခြင်းဖြစ်သည်။ မြူနှင်း၏အသံကြောင့် တစ်ခန်းလုံး၏အာရုံမှာ မြူနှင်းဆီရောက်လာသည်၊ သူမအပါအဝင်။
"ဟီး ဘာမှမဖြစ်ပါဘူးဆရာ"
"ဒီနေ့ကစပြီး ဆရာမက ဆရာ့နေရာဝင်ပြီးဒီအတန်းကိုဆက်တာဝန်ယူသွားလိမ့်မယ် ၊ဆရာမကငယ်ငယ်လေးဆိုပြီး မလေးမစားတော့မလုပ်ကြနဲ့ပေါ့ကွာ ကဲဆရာ့ကိုခွင့်ပြုအုံး"
"မင်္ဂလာပါဆရာ"
ဆရာမှထိုင်ရန်အမူအယာပြသောကြောင့် တစ်တန်းလုံးထိုင်ကာ တစ်ယောက်နှင့်တစ်ယောက်တိုးတိုးစကားပြောနေကြသည်။ မြူနှင်းကတော့ တံခါးပေါက်ဝရှေ့တွင် ဆရာနှင့်စကားပြောနေသော ကိုယ်လုံးသေးသေးပိုင်ရှင်ဆီမှအကြည့်မခွာ။
ဘာတွေပြောနေကြမှန်း သေချာမသိ၊ ပြုံးလိုက်လျှင်မို့တက်သွားပါးဖောင်းဖောင်းပိုင်ရှင်ဆရာမသည် အရမ်းချစ်စရာကောင်းလွန်းသည်ကိုသာ မြူနှင်းသိသည်။ကြည့်ကောင်းနေတုန်းရှိသေး ဆရာပြန်သွား၍ အခန်းတွင်းသို့သူမပြန်ဝင်လာသည်။
"ကဲ ... စာစသင်ရအောင် ဘယ်ကိုရောက်ပြီလဲ တစ်ယောက်လောက်ဆရာမကိုပြောပြပါ"
ခုဏကသူမဟုတ်တော့သည့်အတိုင်းပင်။မျက်နှာမှာတည်ငြိမ်၍ အပြုံးတစ်စက်ပင်မရှိ။တတ်လည်းတတ်နိုင်သည့်ကလေးပေါက်။
(အင်းပေါ့လေ ငယ်ငယ်လေးဆိုတော့ တပည့်တွေကြောက်အောင်/လေးစားအောင် မျက်နှာနဲ့ပဲဖြဲခြောက်ရမှာပေါ့)
ထိုသို့သာဖြူနှင်းတွေးယူလိုက်သည်။သို့သော် ချစ်ဖို့ကောင်းနေဆဲဆိုတာကိုတော့ဖြူနှင်းမညာနိုင်ပါ။အတွေးနှင့်သာယာနေချိန်
YOU ARE READING
GL အပိုင်းတိုများ
Randomမိမိစိတ်ကူးထဲမှအကြောင်းအရာများကိုပုံဖော်ထားတာကြောင့် လက်တွေ့ဆန်မှဆန်ချင်မှာပါ။ အရေးအသားကလဲမကောင်းတာကြောင့်သည်းခံပေးပါ။