Part-2

508 54 6
                                    

(Unicode)

ရှောင်းကျန့်ဘဝမှာ ခုမှစတွေ့ဖူးတဲ့ လူတစ်ယောက်ကြောင့် ယခုလိုမျိုး သတိလက်လွတ်ဖြစ်သွားတဲ့ အခိုက်အတန့်မျိုးကြုံရလိမ့်မယ်လို့ တစ်ခါမှမတွေးခဲ့ဖူးဘူး။ အဲဒီလူရိုင်းပြောသွားတာတွေ ရှောင်းကျန့်အကုန်ကြားပေမဲ့ ဘယ်လိုတုံ့ပြန်ရမယ်မှန်း သူတကယ်မသိတော့ဘူး။

ပွိုင့်ကမီးစိမ်းသွားလို့ဘေးမှာ ကားတွေသွားနေပြီ။ မားလည်း ဖုန်းပြောတာကိုလက်စသတ်ပြီး ကားစမောင်းနေပြီ။ အဲဒီအချိန်ထိကို ရှောင်းကျန့်တစ်ယောက် ကားမှန်ကိုပြန်မတင်ဘဲ ကြောင်ငေးနေမိတုန်း။

ရှောင်းကျန့်ကို ချောတယ်လို့ တွေ့ဖူးတဲ့သူတော်တော်များများပြောတာ ကြားဖူးပါတယ်။ ဒါပေမဲ့ လှတယ်လို့တော့ မပြောကြပါဘူး။ ပြီးတော့ မားကိုယ်တိုင်ကလည်း ရှောင်းကျန့်ငယ်တဲ့အရွယ်တုန်းကသာ အားကျန့်ကယောက်ျားလေးဆိုပေမဲ့ ချောတာထက် လှတဲ့ဘက်ပိုရောက်တယ်လို့ မကြာခဏ‌ပြောဖူးပေမဲ့ သူကြီးလာမှပြောသံမကြားမိတော့ပါ။

ပြီးတော့ခုလိုမျိုး သူစိမ်းတစ်ယောက်က တိုက်ရိုက်ကြီးလာပြောတာမျိုးလည်း တကယ်မကြုံဖူးပါဘူး။ ခုတော့ ဒီလူရိုင်းကသူ့ကို လှတယ်လို့သုံးသွားတယ်။ အံ့ဩတာပဲ။ ပြီးတော့ပြောသွားသေးတယ်...အသည်းလေး..တဲ့။ ဒီလူ ရူးနေတာ။

အခု သူ့လက်တွေကဘာဖြစ်လို့များ အေးစက်နေရတာပါလိမ့်။ ရင်တွေလည်းတုန်နေတယ်။ အခြေခံကျောင်းသားဘဝတုန်းက ဆရာမစာသင်တဲ့ stage ပေါ်တက်ပြီး ပထမဆုံးအကြိမ် Talk Show ပြောရသလိုခံစားချက်ကြီး။

အဲ့ဒီလိုကြီးက မဖြစ်တာကြာခဲ့ပြီလေ။ စစချင်း အကြိမ်ကလွဲလို့ နောက်ပိုင်းတွေမှာ ရှောင်းကျန့်က စာကြိုးစားပြီး ကြိုတင်ပြင်ဆင်မှုတွေအများကြီးလုပ်တတ်တဲ့သူမို့ စင်ပေါ်တက်ရတိုင်း မတုန်လှုပ်တတ်တော့တာ။ အခုက ဘာတွေဖြစ်ကုန်တာလဲ။

အဲ့ဒီလို တုန်လှုပ်နေရတာတွေကို ရှောင်းကျန့်က လုံးဝမကြိုက်လို့ ဘာကိစ္စပဲရှိရှိ တည်တည်ငြိမ်ငြိမ်ဖြေရှင်းတတ်ဖို့ အမြဲတမ်းကြိုးစားတယ်။ အတွင်းမှာအနည်ဘယ်လောက်ရှိရှိ အပေါ်မျက်နှာပြင်မှာတော့ ငြိမ်သက်နေတဲ့ ရေပြင်ညီတစ်ခုလိုကျင့်သုံးခဲ့တယ်။ ဟန်ဆောင်လုပ်ယူတာမျိုးမဟုတ်ဘဲ တမင်တကာ ကျင့်ယူထားရတာပါ။

 ချစ်ခြင်းဖွဲ့သီ... ဥယျာဉ်ဆီ (Love Garden) (Hiatus)Where stories live. Discover now