Part-19

199 26 0
                                    

(Unicode)

ဒီနေ့ခင်းတစ်ပိုင်းတော့ အတန်းဖျက်စရာကိစ္စတစ်ခုရှိနေတာမို့ ညနေကျောင်းဆင်းရင် သူ့ကို‌စောင့်ပြီးနှုတ်ဆက်ဖို့မလိုကြောင်း ရှောင်းကျန့်ကိုမှာပြီး ရိပေါ်ကပြန်သွားသည်။ တရွေ့ရွေ့ဝေးသွားတဲ့ ခပ်ကျယ်ကျယ်ကျောပြင်ကိုငေးရတာဟာ ဘယ်တော့မှရိုးအီမသွားတဲ့ ရှောင်းကျန့်ရဲ့ခုန်မင်မိတဲ့အလေ့အထတစ်ခုဖြစ်လို့နေပြီ။

အရင်ကဆို နောက်ခိုင်းသွားတဲ့ကျောပြင်တစ်ခုကို ရှောင်းကျန့်သိပ်ကြောက်ခဲ့ဖူးသည်။ အခုတော့ ထိုကျောပြင်ကျယ်ကသူ့ကိုဘယ်တော့မှထားခဲ့မှာမဟုတ်မှန်းသူသိသွားပြီ။ ထိုသို့သောစိတ်လုံခြုံမှုကလေးက ရှောင်းကျန့်ရဲ့ အနုစား trauma တွေကိုကုစားပေးသွားတာထင်ပါရဲ့။

ရိပေါ်ရဲ့ပုံရိပ်လေးမြင်ကွင်းမှာပျောက်ကွယ်သွားတော့မှ ရှောင်းကျန့်လည်း စာသင်ခန်းထဲဝင်လာလိုက်သည်။ ခုံမှာထိုင်ရုံရှိသေး ကျင်းယွင်ဆီမှ message တစ်စောင်ဝင်လာသည်။ စာသင်ခန်းထဲမှ သူ့ပစ္စည်းတွေကို သိမ်းထားပေးဖို့ locker နံပါတ်နဲ့ password လှမ်းပို့ထားတာဖြစ်သည်။

ဖြစ်ခဲ့ဖူးတဲ့ပြဿနာတွေရဲ့ အတွေ့အကြုံများအရ ဒီကိစ္စကို ရှောင်းကျန့်မဟုတ်ဘဲ လုလုကသာလုပ်ပေးသင့်တာ။ အခုကလုလုကျောင်းမလာလို့သူလုပ်ပေးရမှာဖြစ်သည်။ ကျင်းယွင်ကလည်းမဖြစ်မနေမို့ ရှောင်းကျန့်ကိုအကူအညီလှမ်းတောင်းပုံရပါသည်။ သူလည်း အတန်းချိန်စဖို့ကတော်တော်လိုသေးတာမို့ အချိန်မဆွဲဘဲထွက်လာလိုက်သည်။ သူထွက်လာပြီး မကြာခင်မှာဘဲ လွယ်အိတ်ထဲထည့်ထားခဲ့တဲ့ ဖုန်းလေးက အဆက်မပြတ်တုန်ခါလို့လာခဲ့သည်။ သို့ပေမဲ့လည်း ကိုင်မဲ့သူကတော့ ဖုန်းနားမရှိတော့။

ကျင်းယွင်ရဲ့အခန်းဘက်ရောက်ချိန် အတန်းထဲကြည့်လိုက်တော့ လူကသိပ်မစုံသေး။ ကျင်းယွင်ထိုင်နေကြခုံကို သူက‌သိတာမို့ ထိုနေရာကိုတန်းသွားလိုက်သည်။ အမြဲတမ်းစနစ်တကျရှိတတ်တဲ့ကျင်းယွင်က lunch break ပေးတဲ့ခဏတဖြုတ်အချိန်လေးမှာတောင် ဘာပစ္စည်းမှခုံပေါ်မှာရှိမနေ။ လွယ်အိတ်ထဲ အကုန်ထည့်ထားသည်။ ရှောင်းကျန့်က ထိုအိတ်ကို အတန်းနောက်မှာရှိတဲ့ locker ထဲထည့်ပေးရုံသာ။

 ချစ်ခြင်းဖွဲ့သီ... ဥယျာဉ်ဆီ (Love Garden) (Hiatus)Where stories live. Discover now