Part-21

287 28 0
                                    

Unicode

ရှောင်းကျန့်လန့်ဖျပ်သွားသည်။ ဒီတစ်ညနေလုံး သူဘယ်လိုတောင် ကံဆိုးနေရတာလဲ။ ပထမဆုံး ကျင်းယွင်ကိုမှားယွင်းစွပ်စွဲမိပြီး ပြန်တောင်းပန်ရသည်။ ပြီးလျှင် ကာရိုလင်းရဲ့ အငြှိုးထားမှုကို စိတ်မသက်သာဖွယ်သိလိုက်ရပြန်သည်။ ထို့နောက် မထင်မှတ်ပဲ ရိပေါ်ကရောက်ချလာပြီး ကျင်းယွင်ကိုထိုးကြိတ်လိုက်သည်။ ဟော.. အခုလည်း ရုန်းရင်းဆန်ခတ်ဖြစ်နေကြတုန်း ရောက်လာသူက ပါးမဟုတ်ဘဲ မားဖြစ်နေပြန်ပြီ။ ဒီလိုအခြေအနေကိုမြင်သွားသူဟာ ပါးဆိုလျှင် ရှောင်းကျန့်စိတ်မပူ။ မားဆိုလျှင်တော့ သူတကယ်လန့်သည်။

အထိုးခံလိုက်ရလို့ လဲကျသွားသောကျင်းယွင်အား ပြေးထူဖို့လုပ်နေသော ရှောင်းကျန့်ကို အသွားမခံဘဲ ဆွဲခေါ်ဖို့လုပ်နေသောရိပေါ်လည်း ခဏတော့ငြိမ်သွားသည်။ ကျင်းယွင်ကလည်း ပေါက်သွားသောနှုတ်ခမ်းမှ သွေးစအနည်းငယ်ကို လက်ဖြင့်ဖိသုတ်လိုက်ပြီး သူ့ဘာသာသူကျုံးထလာသည်။ ရိပေါ်လက်ထဲမှ သူ့လက်ကိုအသာလေးဆွဲထုတ်လိုက်ပြီး ရှောင်းကျန့်လည်းမားဘက်ကိုလျှောက်လာလိုက်သည်။

"မား....ဘယ်လိုဖြစ်ပြီးရောက်လာတာလဲ...ပါးကမအားလို့လား"

"အားကျန့်...အခုအဲဒါကအရေးကြီးလား...ဒီအခြေအနေကို မားကိုရှင်းပြစမ်း..."

ဒုက္ခပါပဲ။ နောက်တစ်ယောက်ကရှင်းခိုင်းပြန်ပြီ။ ပထမတစ်ယောက်တောင် ရှင်းမရသေးဘူးလေ။ ရှောင်းကျန့်တော်တော်စိတ်ညစ်သွားသည်။ အခုကဘာနဲ့တူသလဲဆိုရင်...အတန်းပိုင်ဆရာက အခန်းထဲမှကျောင်းသားနှစ်ယောက်ရန်ဖြစ်တာကို ငြိမ်အောင်မထိန်းနိုင်သေးခင် ကျောင်းအုပ်ကြီးပါထပ်ရောက်လာသလိုမျိုး။ မားကသူ့ကိုပြောနေရာကနေ ရိပေါ်ဘက်ကိုလှည့်သွားပြန်သည်။

"မင်းက ဝမ်ရိပေါ်ထင်တယ်"

ရိပေါ်က လမ်းဘက်ကိုကျောပေးထားသလိုမို့ မားဘက်ကကြည့်လျှင် မျက်နှာကိုဘေးတိုက်လောက်ပဲမြင်ရပုံပေါ်သည်။ မားမေးလိုက်တော့မှ ရိပေါ်ကတည့်တည့်လှည့်လာကာ ခေါင်းကိုငြိမ့်ပြလိုက်သည်။

"ဟင်...မင်း မင်းက ဟိုတစ်နေ့က သူငယ် မဟုတ်လား"

မားက ရိပေါ်ကိုသိနေတာလား။ မားမျက်နှာကိုအကဲခတ်ရင်း ရှောင်းကျန့်ရင်ထဲလေးလာသည်။ မားက liberal ဆန်ပြီး မတူညီမှုတွေကိုလက်ခံနိုင်တယ်ဆိုပေမဲ့ သူမရဲ့ဝန်းကျင်မှာ မြင်နေကျလူငယ်တွေသည် ရှောင်းကျန့်တို့ ကျင်းယွင်တို့လိုပုံစံတွေချည်းမို့ ရိပေါ်ကိုတော့ဖြင့်တစ်မူကွဲပြီးမြင်နေပါလိမ့်မည်။ ဒါကလည်း ကိစ္စတော့မရှိပါ။ ရိပေါ်ကခပ်ဆိုးဆိုးလေးဆိုတာ မားသိပြီးသားပဲလေ။ ဒါပေမဲ့ မြင်မြင်ချင်း ဆောက်နဲ့ထွင်းဆိုသလို သူတို့နှစ်ယောက်စတွေ့ချိန်မှာ ရိပေါ်သည် မားအမြင်မှာ လုံးဝကို underrated ဖြစ်လို့နေပါသည်။

 ချစ်ခြင်းဖွဲ့သီ... ဥယျာဉ်ဆီ (Love Garden) (Hiatus)Where stories live. Discover now