Pa Pa's boy : 1

2.2K 90 3
                                    

​တောင်ပေါ်​ဒေသရှိ နယ်မြို့လေးတစ်ခုရဲ့ အေးချမ်းလှတဲ့ ဆောင်းရာသီ မနက်ခင်းလေးတစ်ခု။
ထိုနယ်မြို့လေးနှင့် မနီးမဝေးတွင် တည်ရှိနေသော တိတ်ဆိတ်​အေးချမ်းလှသည့်ရွာငယ်လေးတစ်ခု။
ထိုရွာငယ်လေးရဲ့ အစွန်ဆုံးတွင်တော့ လိမ္မော်ပင်တို့ စိုက်ပျိုးထားသော ခြံဝန်းငယ်လေးအတွင်းဝယ် တည်ဆောက်ထားသော အပြာရောင်အိမ်ငယ်လေးတစ်လုံးကတော့ ဆောင်းရာသီမနက်ခင်းအောက်ဝယ် တိတ်တဆိတ် ငြိမ်သက်လျှက်။

ထိုအိမ်လေးရဲ့ ပိုင်ရှင်သည်ကား စောင်ပုံတွေကြားထဲတွင် အိပ်ပျော်နေသော မင်အမျိုးသားလေး "မင်ယူန်းဂီ"ပင် ဖြစ်သည်။

'မင်'တစ်ယောက် နွေးထွေးလှတဲ့ စောင်ပုံတွေကြားမှ ထိုးထွက်လိုက်ပြီး တစ်ချက်သန်းဝေကာ မျက်နှာသစ်ရန်အတွက် ကုတင်ပေါ်မှဆင်းလိုက်သည်။

အိမ်၏အနောက်ဘက်တွင်ရှိသော ရေချိုးကန်ထဲမှ ရေကိုခပ်၍ မျက်နှာသစ်လိုက်သောအခါ ရေမှာရေခဲတမျှ အေးစက်နေ၍ 'မင့်'ကိုယ်လေးမှာ တွန့်သွားတော့သည်။

ထို့နောက်တွင်တော့ 'မင်'သည်အိမ်လေးထဲသို့ ပြန်ဝင်လာ၍ မီးသွေးအိုးဖြင့် မီးမွှေးလိုက်ပြီး ရေနွေးအိုးတည်လိုက်လေသည်။
ပြီးလျှင်တော့ 'မင်'သည် ညနေခင်းဘက်တွင် သူကိုယ်တိုင် ဆွတ်ထားသော လိမ္မော်သီးတို့ကို ခြင်းထဲထည့် စက်ဘီးပေါ်သို့တင်၍ ​မြို့ငယ်လေးရှိ စျေးဆီသို့ သွား၍ပို့တတ်သည်။

'မင်'အမျိုးသား​​လေးသည် လိမ္မော်သီးခြင်းတင်လာသော စက်ဘီးကို တွန်း၍ အိမ်ဘေးနားရှိ အဖိုးနှင့်အဖွားတို့ဆီသွား၍ လိုအပ်တာမှာရန်  သွားမေးသည်။
ပြီးလျှင်တော့ စျေးကိုသွားသည်။

အညိုရောင် Lon Coat တစ်ထည်ရယ်၊ ဘောင်းဘီရှည်ရယ်၊ သိုးမွှေးဦးထုတ်တစ်လုံးရယ် ဝတ်ဆင်ထားသော 'မင်'အမျိုးသား​လေးဟာ အသက် 34 နှစ်အရွယ် လူတစ်ယောက်ဆိုတာ ယုံနိူင်ဖွယ်ရာမရှိ။
အဘယ်ကြောင့်ဆိုသော် 'မင်' ဟာ ရင့်ကျက်တည်ငြိမ်နေပေမဲ့ 'မင်'ရဲ့ လှပပြီး ချစ်စရာကောင်းမှုဟာ ဒီအရွယ်အထိ တည်ရှိနေဆဲပင်။

စျေးသို့သွားသည့်လမ်းတစ်လျှောက်ဟာလည်း ပကတိ တိတ်ဆိတ်ငြိမ်သက်လျှက်။ တောင်ပေါ်ဒေသဖြစ်သည့်အတွက် မနက််ခင်းပိုင်းမှာ အအေးဓာတ်လွန်ကဲနေသလို 'မင်' ကိုယ်လေးမှာလည်း တစ်ချက်ချက် အ​​အေး​ဓာတ်ကြေင့် တုန်သွားလေသည်။

Pa Pa's boy (ပါးပါးရဲ့ ကလေးငယ်)Where stories live. Discover now