မင်အိမ်တော် အတွင်းဝယ် အသံတို့က ဝေဆာလျှက်။
အဘယ်ကြောင့်ဆိုသော် မင်အိမ်တော်၏ သားငယ်လေး
'မင်ယူန်းဂီ'ပြန်ရောက်လာသောကြောင့်ပင်။ယခုကတော့ မင်အိမ်တော်၏ခြံထဲဝယ် မိသားစုညစာစားပွဲလေး
ပြင်ဆင်နေကြခြင်းပင်။စားပွဲခုံ၏ ထိပ်ဆုံးတွင်တော့
မင်ပါးပါးနဲ့ မင်မားမား ထိုင်နေပြီး ညာဘက်အခြမ်းတွင်တော့
ကိုကိုကြီးနှင့် ဂျီမင်လေးကတစ်ဖက်၊ ဘယ်ဖက်တွင်တော့
'မင်'နှင့် 'ဂျောန်'ကတစ်ဖက် ထိုင်နေလေသည်။'ဂျောန်'ကတော့ ပါးပါးရဲ့ ထမင်းပန်းကန်ထဲသို့
ပါးပါးကြိုက်တတ်မယ့် ဟင်းလေးတွေကို ခပ်ထည့်
ပေးနေလေသည်။ မင်ပါးပါးကတော့ ဂျောန်ကို
အမြင်မကြည်တော့ ဘယ်နှယ့် ဒီကောင်လေးက
ထမင်းစားပွဲဝိုင်းမှာ သူ့သားငယ်တစ်ယောက်တည်းကိုဘဲ ရှိတယ်ထင်တာလားမသိ။
သူစားမယ်ကြံတိုင်း ဟင်းပွဲဆီ လက်လှမ်းလိုက်လျှင်
ထိုကောင်လေးက အရင်လက်ဦးသွားသည်။ ကြာတော့ မင်ပါးပါးမှာ စိတ်မရှည်တော့။"ဟေ့ကောင် ဂျောန်ဂျောင်ဂုဂ် ငါစားမယ့်ဟင်းတိုင်းကို မင်းဘဲထည့်နေတာ ငါမစားရတော့ဘူးကွ"
ထိုအခါ တိတ်ဆိတ်သွားသော ထမင်းဝိုင်းလေး။
မင်မားမားမှာတော့ မင်ပါးပါးကို တံတောင်နှင့် တွတ်ရသည်။"အစ်ကိုကလည်း ဘာလို့ကလေးနဲ့အပြိုင် လုနေတာလဲ ဟင်းတွေအများကြီးရှိနေတာကို"
မင်ပါးပါးမျက်နှာကြီးကတော့ တည်တင်းလျှက်။
ဂျင်ရယ်၊ မင်ရယ်၊ ဂျီမင်လေးရယ်ကလည်း မင်ပါးပါးနဲ့
ဂျောန်ကို တစ်လှည့်စီကြည့်၍ ပြူးကြောင်ကြောင်လေးတွေနဲ့။ ဂျောန်ကိုကြည့်လိုက်တော့လည်း
ဇွန်းလေးကိုင် မျက်လုံးလေးကလယ်ကလယ်နှင့် ဘာမှမသိသလိုလေး။ နောက်ဆုံးတော့ မင်ပါးပါးမှာ
သူဘဲ လူဆိုးကြီးဖြစ်ရပြန်သည်။"ဘာမှမဟုတ်တော့ဘူး စားစရာရှိတာစားကြတော့"
မင်ပါးပါးမှ ပြောရင်းပင် ထမင်းဝိုင်းမှ ထွက်သွားပါလေတော့သည်။
"ဂျောန် ပါးပါးကဘာဖြစ်သွားတာလဲ"
"အယ် ကျွန်တော်လည်းမသိဘူးလေ ပါးပါးရဲ့ ဘာကောက်သွားလဲမှ မသိတာ ရော့ထမင်းကိုများများစား ဘာမှစဥ်းစားမနေနဲ့တော့"
YOU ARE READING
Pa Pa's boy (ပါးပါးရဲ့ ကလေးငယ်)