အပိုင်း ( ၂ )

372 14 4
                                    

အချစ်ဆိုတာ ဘာလဲ?

အချစ်ကဘာလဲတော့မသိဘူး

အမ..ကိုမြင်လိုက်မိ တဲ့ အချိန် တိုင်းမှာ

ကျမ..ကျမလေ. ရင်တွေ အရမ်း ခုန်နေတယ်။

အရိပ်..တယောက်မိုးလင်းတာနဲ့ အိမ်ရှေ့ အိမ်က အမကြီးကိုတွေ့လိုတွေ့ငြားချောင်းချောင်းကြည့်နေမိတာပဲ ကိုယ်တိုင်ကလဲဘာလို့ခိုးခိုးကြည့်နေမိမှန်းလဲမသိပြန်ဘူး ခက်တာပဲ မိအရိပ့်ရေ ငါဘာဖြစ်နေတာလဲဘာတွေဖြစ်ချင်နေတာလဲ....

ဒီခလေးမဘာတွေ ဖြစ်နေတာ စောစောစီးစီးမျောက်များ၀င်ပူးနေတာလားငြိမ်ငြိမ်ကိုမနေနိုင်ပါလား

အာ....ကိုခန့်ကလဲဘယ်လိုနေနေပေါ့သူ့အလုပ်ကြနေတာပဲမပြောလိုက်ချင်ဘူး ညီမလေးကိုမုန့်ဖိုးမပေးချင်ဘူးလား

ဘာဆိုင်လို့လဲ ဟ

မဆိုင်လဲပေး...နော်နော်

အေးအေး...ရော့ ငါးထောင်ယူတရက်ထဲအကုန်သုံးမနေနဲ့ ကြားလား

ဟုတ်ကဲ့ပါရှင့်( မျက်နှာပြောင်ခြင်း )

အိမ်ပြောင်းလာတဲ့မိသားစုအကြောင်းသိပြီးပြီလား အရိပ်

သေချာတော့မသိပါဘူး ဘာလို့လဲ ကိုခန့်...

ကောင်မချောချောလေးတယောက်လဲပါတယ်ကြားလို့

အော်..အဲ့တာလား အဲ့အမကချောသားပဲ

အရိပ်နဲ့ သူငယ်ချင်းဖြစ်ရင်အကိုနဲ့ချိတ်ပေးအုံး
အကိုအထဲ၀င်တော့ မယ်တယောက်ထဲမျောက်စိတ်ပေါက်နေခဲ့လိုက်

ကိုခန့် ထွက်သွားတော့အရိပ်တယောက်ထဲ...ဆုတောင်းပေါ့ကိုခန့်နဲ့ချိတ်ပေးမယ့်အစား အရိပ်ဘာသာအရိပ်ရအောင်ချိတ်မှာ

သမီးရေ..ထတော့လေကွယ်
အချိန်လဲကြည့်အုံး တနေ့လုံးအိပ်နေတာ
ဘယ်လောက်အိပ်အိပ် အိပ်ရေးမ၀နိုင်တဲ့အိပ်ပုတ်မလေး

ဒေါ်ခင်စန်းတယောက်သမီးကိုနှိုးနေချင်းဖြစ်သည်။

ကဲ..ထတော့ရေချိုးတော့ ဆောင်းတွင်းဘယ်လောက်အေးအေးရေချိုးရမယ်သူများတွေလိုတပတ်တခါပဲချိုးပြီညစ်ပက်အောင်မနေရဘူး..ကြားလား မေသံစဥ်...

အချစ်ဆိုတာခါးလဲ မ ကိုချစ်နေရတာကချိုတယ်🥰Where stories live. Discover now