pt.15

4.1K 308 2
                                    

"သားငယ် အဲ့ဒါဆို မေမေတို့ပြန်တော့မယ်
ဂျီမင်းလေးကို သေချာဂရုစိုက်ပေးလိုက်နော်"

"မေမေကလည်း ညအိပ်သွားပါဆိုမှ ဘာမှန်းလည်းမသိဘူး " ထိုအရာကတော့ မကြီးမငယ်ဖြင့် နှုတ်ခမ်းဆူကာ သူ့အမေအား ညအိပ်ရန် တာဆူနေသော CEOကြီး ဂျောင်ကုသာဖြစ်သည်။

"သားငယ်ရယ် မင်းအဖေအကြောင်းလည်းသိရဲ့သားနဲ့ကွယ် မေမေမရှိရင် ဘာလုပ်တတ်ကိုင်တတ်လို့လဲ ပြန်မှဖြစ်မှာမလို့ပါကွယ် "

"အဲ့ဖေဖေကလည်း တစ်ရက်တစ်လေလေးတောင် မနေနိုင်ဘူးလား ဒီမှာသားက အကယ်လို့ည ဂျီမင်းတခုခုဖြစ်ရင် ဘာလုပ်တတ်မှာမလို့လဲ မေမေရာ "

"ဂျီမင်းလေးက ဘာမှမဖြစ်လောက်တော့ပါဘူးကွယ် သားငယ်ရယ် အဲ့လောက်လည်းမဟုတ်ပါဘူး
အကယ်လို့ သားငယ် စိတ်မချသေးရင်
နမ်ဂျွန်းခေါ်ထားမလား
မေမေ Taxiနဲ့ ပြန်လိုက်မယ် "

"အဲ့ကောင်က ဘာလုပ်တတ်မှာလဲ မေမေရာ
အိပ်ရင် ကုလားသေ ကုလားမောအိပ်တဲ့ကောင်ကို နှိုးနေရတာ အလုပ်ပိုနေဦးမယ် "

အောင်မှာ သူကများငါ့ကို ရှယ်ပလန်နဲ့ပြောနေတာ စေတနာတောင်ပျက်တယ်
နမ်ဂျွန်းလည်း သူ့အား အဖျက်ပိုးလို လိုက်ထိုးနေသော အကောင်အား ပြောတော့သည်

"ဟျောင့် စိတ်ကူးယဉ်မနေနဲ့ ငါကလည်း မင်းနေပါဆိုတောင်မနေဘူး အိပ်ရေးပျက်တယ်
အားအားယားယား "

"ငါကလည်းခေါ်ထားမယ်ပြောလို့လားကွ "

"ကဲကဲ တော်ပြီသားငယ်ရယ် မေမေတို့လည်း ပြန်တော့မယ် တခုခုလည်းမဖြစ်လောက်ပါဘူး ဖြစ်ရင်လည်းဖုန်းဆက်လိုက် မေမေတို့ချက်ချင်းလာခဲ့မယ် "

"ဟိုကဖြင့် အိပ်နေတာသိုးလို့ကို သူက တခုခု‌ဖြစ်မှာကြောက်နေတာ အပိုတွေ "နမ်ဂျွန်းလည်း ပွစိပွစိဆိုမိ‌တော့သည်

"ဟျောင့်နမ်ဂျွန်း ငါကြားတယ်နော် " ကျွန်တော့ကြက်ပေါက်အား ပစ်တင်ဝေဖန်နေသော ဟို ဓါတ်တိုင်အား ကျွန်တော် အကြည့်စူးစူးများကျွေးကာ ပြောလိုက်တော့

"အမှန်ပြောနေတာလေ မင်းကဘာဖြစ်ချင်တာလဲ"

"ကလေးတွေလည်းမဟုတ်တော့ဘဲနဲ့ ရန်ဖြစ်မနေကျနဲ့
လာ နမ်ဂျွန်းပြန်ရအောင်"

မူပိုင်Where stories live. Discover now