Pt.29

3.6K 267 16
                                    

အိမ်သို့ရောက်သည်နှင့် ဝုန်းဒိုင်းကျဲကာ ဆင်းသွားသော လူသားပိစိ

စိတ်ကလည်းတကယ်ကြီးပါ့ဗျာ
စိတ်ဆိုးတာကျွန်တော်ပါ ဘာလို့သူကပြန်ဆိုးသွားတာလဲ

နမ်းတာရှက်လို့ငုံ့သွားတဲ့မျက်နှာလေးအား အသဲယားစွာ ရီမိလိုက်ချင်းရဲ့အကျိုးကျေးဇူးကတော့ ကလေးငယ်စိတ်ကောက်သွားချင်းပါဘဲ

"ဟွန့် အမြင်ကပ်လိုက်တာ
အဲ့တာလူကိုလှောင်နေတာ ရှက်မှန်းသိလို့ လူယုတ်မာကြီး " အခန်းထဲတွင် အမှန်အကန်ထိုင်ဆဲနေသော ဂျီမင်းရယ်ပါ

'ဂျောက်' 

ကျွန်တော်တံခါးဖွင့်ဝင်လာမြင်သည်နှင့် နှာခေါင်းရှုံ့ကာ တစ်ဖက်လှည့်သွားသော သူ
ဒါအပြင်းအထန်စိတ်ကောက်နေကြောင်းကိုဆိုလိုတဲ့သဘော
အားရပါးရဖက်နမ်းပစ်လိုက်ရင် အော်ငိုဦးမယ်

"‌ကလေးရေ ကိုယ့်ကလေးလေး "
သိသားဘဲ လာတော့မယ်ဆိုတာ တစ်ပတ်လောက်ကိုစိတ်ကောက်ပစ်ဦးမယ် ကြည့်ထား

"ဘာလဲ "

အမလေးလေး နှုတ်ခမ်းကြီးကိုထော်ထားတာများ အရှေ့က ခေါင်းအုံးကြီးထိုးမိတော့မယ် ဘယ်လိုဟာလေးမြန်းကိုမသိဘူး

"ဟော အကြီးကိုဘယ်လိုထူးနေတာလဲ ဂျီမင်း "

"ဘယ်လိုထူးထူးပေါ့ အကြီးကအကြီးလိုမနေဘဲနဲ့များ "

‌အရှေ့ကစကားသာကျယ်ကျယ်ပြောတာ
နောက်ဆက်တွဲစကားကိုတော့ မပီမပြင်ရောချသွားသောကြောင့် ဂျောင်ကုတစ်ယောက်နားမလည်လိုက်

"အော် ဟုတ်လား  ဘယ်လိုထူးထူးဆိုတော့
ကိုယ်လည်းဘယ်လိုခေါ်ခေါ်ရတယ်ပေါ့နော် ဘဲပေါက် "

"ဂျောင်ကု ! အဲ့နာမည်ကြီးမကြိုက်ပါဘူးဆို
ဘာလို့ခေါ်နေတာလဲ ‌"

ဒီလူကြီး အမှတ်သည်းချေသိပ်ကောင်းလှပါသည်
အဲ့ 'ဘဲပေါက်'ဆိုတဲ့နာမည်က တောင်ပေါ်ဒေသက အဖွားနဲ့အတူနေတဲ့ အစ်ကိုတစ်ဝမ်းကွဲဆော့ဂျင် ကခေါ်သောနာမည်သာဖြစ်သည်

မင်္ဂလာဆောင်နေ့က မိတ်ကပ်ပြင်ဆင်ရာအခန်းထဲထိလာပြီး ကျွန်တော့အား တစ်ဘဲပေါက်ထဲ ဘဲပေါက်ကာ ငိုယိုဖက်ထားသော Hygသည် အတော်နှမြောပါသည်လို့လည်း တဖွဖွပြောရှာသည်

မူပိုင်Where stories live. Discover now