ဂျီမင်းတို့သူငယ်ချင်း2ယောက် မောင်းနှင်လာသောကားလေးသည် တရွေ့ရွေ့ဖြင့် ပြိုင်ကား ကွင်းထဲသို့ဝင်လာတော့သည်
ဝင်လာသည်နှင့် ကြည့်လာသော အကြည့်များသည်လည်း ပတ်ဂျီမင်းအရှိန်အဝါအား ကြာကြာမခံနိုင်။
အရှိန်အဝါတင်ဘဲလားဆိုတော့လည်းမဟုတ်ပါ ခပ်ချေချေမျက်နှာထား ကားပေါ်မှ ကားသော့လေးအားလှည့်ကာ လှလှပပဆင်းလာသော ပတ်ဂျီမင်းသည် တော်ရုံလူမဟုတ်ဆိုတာ လက်ခံထားကျပြီးသား။အလှနတ်ဘုရားများမှ အချိုးကျကျ အမှားမခံနိုင်အောင်ပေါင်းစပ်ထားသကဲ့သို့ လှပသော လူ့နတ်ဘုရားလေး အကောင်သေးသလိုအဆိပ် သိပ်ပြင်းလှမှန်း ကြည့်တာနဲ့သိသာလှပါသည်
ပတ်ဂျီမင်းတင် ထွန်းလင်းနေတာလားဆို မဟုတ်ပါ ပတ်ဂျီမင်းဘေးမှ အရုပ်ကလေးလို နူးညံ့လှပသော ကောင်လေးသည်လည်း မခေလှပါ။
ပတ်ဂျီမင်းသည် သူသည်သာပြိုင်ဘက်မရှိလူ့နတ်ဘုရား မဟုတ် ပေါင်းသင်းသောသူငယ်ချင်းများပါ ပြိုင်ဘက်ကင်းလေးများသာ ။
"ဟေးးးး ပတ်ဂျီမင်းတို့များ ဘယ်ကနေဘယ်လိုလမ်းမှားလာတာလဲ "
ပြိုင်ကားကွင်းကို မလာတာ အတော်ကြာနေပြီဖြစ်သောကြောင့် ဘော်ဒါဘော်ကျွတ်တစ်သိုက်သည် ခပ်လှောင်လှောင်လေး လှမ်းနှုတ်ဆက်တော့ ဂျီမင်း သည် ထယ့်အားခေါ်ကာ မတွေ့ရတာကြာပြီဖြစ်သော ဆိုးဖော်ဆိုးဖက်များဆီ ကြွရတော့သည်
"မတွေ့ရတာကြာပြီ Gun
ကျန်တဲ့ကောင်တွေကောနေကောင်းကျတယ်မဟုတ်လား "ဂျီမင်းသည် Gun နဲ့ ကလပ်တစ်ခုမှာစသိခဲ့ချင်း ။ ကျွန်တော်သည်လည်း ကားပြိုင်ရခြင်းတွေကို သိပ်စိတ်ဝင်စားသူမို့ Gunနဲ့ ပိုရင်းနှီးလွယ်ကာ အခုထိ ပေါင်းသင်းမိနေချင်းသာ။
"ငါတို့က ကောင်းပါတယ်ကွာ မင်းကသာ ပေါ်မလာလိုက်တာ ငါကမင်းများ သေသွားပြီမှတ်နေတာ"
Gun က ခပ်ထေ့ထေ့ပြုံး၍ စတော့ ဂျီမင်းသည်လည်းမခံ
"သေစရာလားကွာ ဇယားတွေရှိလို့ ခဏငြိမ်နေတာ ငါက မင်းတို့ကိုအပြတ်ဖြုတ်ပြီးမှ သေမယ့်ကောင်ဆိုတာ မင်းအသိဆုံးပါ Gun"
YOU ARE READING
မူပိုင်
Fanfictionရပ်တန့်ကျမလား..ရှေ့ဆက်ကျမလားး စဉ်းစားပါဂျီမင်းငယ် ရပျတန့ျကမြလား..ရှေ့ဆကျကမြလားး စဉျးစားပါဂြီမငျးငယျ