" စွယ်တော်ရေ ၊ ငါဟင်းလာပို့တာ ၊ တံခါးဖွင့်ပါအုံး "
ခြံရှေမှ ကိုတုတ်ကြီး အသံကြောင့် နောက်ဖေးမှ လုပ်လက်စ အလုပ်ကို အပြီးသတ်ပြီး ခြံရှေ သို့ ထွက်လာခဲ့၏
" တံခါးဖွင့်ဝင်ခဲ့တာ မဟုတ်ဘူး ၊ ကိုတုတ်ကြီးရယ် "
" မင်း ဘာလုပ်နေလဲ ၊ ငါမှ မသိတာ "
" နွေ နဲ့ နေရဲမာန်တို့ ဆုံးတာတောင် ၁၈ နှစ် ရှိပြီ ၊ မနေ့တနေ့ကလိုပါပဲလား "
စွယ်တော်ပြောမှ သတိရမိ ဆရာတို့ ဆုံးသွားတာ ၁၈ နှစ် တောင် ရှိပြီပဲ
" အေးကွာ ၊ အခုချိန်ဆို ဘယ်ဘဝ တွေများရောက်နေလဲ မသိဘူး "
ကျွန်တော် နဲ့ ကိုတုတ်ကြီး စကား ဆက်မပြောနိုင် အဝေးတစ်နေရာကို သာ နှစ်ယောက် သား ငေးကြည့်နေမိသည်
..............
" ရှိန်းအောင် "
ကျွန်တော့်နာမည် ခေါ်သံကြားတာကြောင့် အနောက်ကို လှည့်မိ၏
" ဘာလဲ ၊ ဘုန်းသူ "
" ငါလေ ၊ လက်ဆောင်တစ်ခု ဝယ်စရာ ရှိလို့ "
ဒီလောက်ဆို ကျွန်တော် သဘောပေါက်ပါပြီ သူ ဖွန်ကြောင်ဖို့ အတွက် ပစ္စည်း ဝယ်ဖို့ဆိုတာ ကိုပေါ့
" အခုရော ဘယ်မေဂျာက ကောင်မလေးကို လိုက်နေပြန်ပြီလည်း "
" ပထဝီ မေဂျာက "
သူထိုသို့ ပြောတော့ ကျွန်တော့်မျက်လုံးထဲ၌ သူတလွဲလုပ်တွေကို မြင်ယောင်လာခဲ့မိ
လွန်ခဲ့သော တစ်နှစ်ခန့်က
သင်တန်းနောက်ဆုံးနေ့မို့ အမှတ်တရ အထိမ်းမှတ် ပွဲလေးတစ်ခု ပြုလုပ်ဖြစ်ကြ၏
ရောင်စုံမီးများ ကြား၌ မိန်းမပျိုလေးများမှာ လွန်စွာ လှပနေကြသည် ထိုသို့ စည်ကားလှသော အသိုင်းဝိုင်းထဲတွင် ကျွန်တော်တို့ ငါးယောက်လည်း ရောက်ရှိနေကြပြီ
" ဟေ့ကောင် ၊ ရှိန်းအောင် ဟိုကောင်မလေး လှတယ် "
" ဘုန်းသူ မင်း မလှဘူး ထင်တဲ့ ကောင်မလေး ရှိရင် ပြစမ်းပါ ၊ အကုန်လုံးကို လှတယ်ကြီးပဲပြောနေတာ "
YOU ARE READING
အချစ်ဦးလည်းမဟုတ် ၊ ရည်စားဦး လည်းမဟုတ်
Romanceဒီfic လေးက မြတ်နိုးရသော ပိတောက်ငယ်ဆိုတဲ့ fic လေးနဲ့ အဆက်ဆက်ရှိပါတယ်နော် ကြိုတင်လည်းပြောကြထားပါတယ်နော်