" ဟာ ချီးပဲ ၊ ဥက္ကာထွန်းကတော့ "
ဥက္ကာထွန်း ဆိုတဲ့ ကောင်က ငယ်ငယ်လေးထဲက ကျွန်တော့်ပါးကို နမ်းသည်မှာ အကျင့်တစ်ခုလိုဖြစ်နေပါပြီ
သူစိတ်ညစ်ရင် ဖြစ်ဖြစ် ၊ အပျော်လွန်တဲ့အခါဖြစ်ဖြစ် နမ်းပါသည်
သို့သော
သူငယ်ချင်းစိတ်ဓါတ်ဖြစ်သာ နမ်းချင်ဖြစ်သည်
" မင်း ၊ ဘာလို့ ရှိန်းအောင်ကို နမ်းတာလဲ "
ဒေါသအိုး စွယ်မောင်က တော့ ကျွန်တော့်ပါးကို ရှိန်းအောင် နမ်းတာ မကြိုက်ပေ သူငယ်ငယ်ကဆို ကျွန်တော့်ပါးကို နမ်းရင် ဥက္ကာထွန်း ကို ဆွဲထိုးနေကြပေ
" ကဲ ၊ စွယ်မောင် စိတ်လျော့ "
ဘုန်းသူက ဝင်တားလိုက်တာကြောင့် စွယ်မောင်လည်း စိတ်လျော့သွားခဲ့သည်
" ဒီနေ့ ငါနိုင်လာတယ် ၊ မုန့်လိုက်ကျွေးမယ် "
ဥက္ကာထွန်းစကားကြောင့် ကျွန်တော်တို့ ကြောင်သွား၏
" ဟေ့ကောင် ဒီနေ့ ပြိုင်ပွဲရှိတာလား ၊ ငါတို့ကို လည်း ဘာမှမပြောဘူး "
ကျွန်တော်မှ ထိုသို့ ပြောလိုက်သည်
ထိုအခါ စွယ်မောင်မှ
" ဟုတ်ပြီလေ ၊ မင်း နိုင်လို့ ရှိန်းအောင် ပါးကို နမ်းတာ ငါခွင့်လွှတ်ပါတယ် "
" အောင်မလေး ၊ မသိရင် ရှိန်းအောင် အဖေကျနေတာပဲ "
လှသူဇာက ထိုသို့ ဝင်ပြောတာကြောင့် ကျွန်တော်တို့ ရီလိုက်မိသည်
ကျွန်တော်တို့ ရီနေစဉ် စွယ်မောင်မှ
" ငါတို့ကို ဘယ်မှာလိုက်ကျွေးမှာလဲ "
" စွယ်မောင် မင်း အိမ်မှာ ပဲ စုစားကြမယ်လေ၊ ကြက်ကြော်နဲ့ ဘီယာပေါ့ "
ကျွန်တော်ထိုသို့ ပြောတာကို ကျန်တဲ့သူတွေက သဘောတူသောလည်း စွယ်မောင်မှ သဘောမကျ ၊ ကိစ္စမရှိပါ အချိန်တန်ရင် အဆင်ပြေသွားမည်ကို သိနေပြီးသားမို့
ဒါကြောင့် ကျွန်တော်တို့ ဘာမှမပြောတော့ပဲ၊ ကျောင်းပြင်ပသို့ ထွက်လာခဲ့တော့သည်
YOU ARE READING
အချစ်ဦးလည်းမဟုတ် ၊ ရည်စားဦး လည်းမဟုတ်
Romanceဒီfic လေးက မြတ်နိုးရသော ပိတောက်ငယ်ဆိုတဲ့ fic လေးနဲ့ အဆက်ဆက်ရှိပါတယ်နော် ကြိုတင်လည်းပြောကြထားပါတယ်နော်