[Uni]
Part-7
'ကိုယ်အလုပ်လေးတွေရှိသေးလို့....ကလေးအရင်အိပ်နင့်နော်...အွန်း'
ထယ်ယောင်းဂျောင်ဂုလက်ကိုလှမ်းဆွဲလိုက်သည်။ခုတင်ပေါ်အပုံလိုက်လေးရောက်လာတဲ့ ဂျောင်ဂုခန္ဓာကိုယ်။ထယ်ယောင်းဂျောင်ဂုရင်ဘတ်ပေါ်ခေါင်းလေးတင်ကာ ခါးကိုလည်းသိုင်းဖက်ထားလိုက်သည်။
'ကလေး!!'
ထယ်ယောင်းက ခုတင်ခြေရင်းကစောင်ကိုဆွဲယူပြီး ကိုယ်တစ်ပိုင်းလောက်ထိဆွဲခြုံလိုက်သည်။ပိုပြီးသက်တောင့်သက်သာရှိသွားတဲ့အနေအထားတစ်ခုက အိပ်ရာဝင်ဖို့အတွက်အဆင့်သင့်အနေအထားပဲ။
'ကိုယ်အလုပ်လုပ်စရာရှိသေးတယ်လို့ပြောတယ်လေကွာ'
'လူကြီး...လူကြီးရဲ့ရင်ခုန်သံတွေကအရမ်းနားထောင်ကောင်းတာပဲ...ချွင်းချက်ဆိုလို့..ဒီရင်ခုန်သံတွေကကျွန်တော့်အတွက်မဟုပ်တာလေးပဲ'
ကလေးကြောင့်ရင်ခုန်နေတာပါ။ဒီနေ့အထိ..ကလေးကကိုယ့်ကိုရင်ခုန်အောင်လုပ်နိုင်တဲ့တစ်ဦးတည်းသောလူသားပဲ။
ထယ်ယောင်းကြားအောင် ပြောမထွက်လိုက်တဲ့ဂျောင်ဂု၏ခံစားချက်တစ်ချို့။
အလင်းရောင်မိန်မိန်သာရှိတဲ့ အခန်းထဲမှာ ပူးကပ်နေတဲ့ခန္ဓာကိုယ်နှစ်ခုကြောင့် အနွေးဓာတ်တစ်ချို့ကိုလဲထုတ်လွှတ်လျက်။
'အခုကိုယ်တို့နှစ်ယောက်ကဘယ်လိုအနေအထားလဲကလေး'
'ကျွန်တော်ကလူကြီးကိုလိုက်နေတဲ့အနေအထားလေ'
'ဟားဟား'
'ဘာရယ်တာလဲ..'
'သဘောကျလို့ပါ'
'တော်ပီ..အိပ်တော့မယ်'
'သေချာလား!'
'ဟင့်အင်း...ကျွန်တော်လူကြီးရင်ခွင်ထဲမှာရှိနေရလို့...အိပ်ပျော်ပါ့မလားတောင်မသိဘူး'
'...'
'လူကြီးရင်ခွင်က ကျွန်တော့်အတွက်မဟုပ်တာတောင်...နွေးထွေးနေရောပဲ...'
'ကလေးရယ်!!'
ကောင်လေးအပေါ်ကျွန်တော့်ရဲ့ခံစားချက်တွေကမရေမရာ။ကျွန်တော့်ရဲ့ မသေချာမှုတွေကပဲကောင်လေးကိုပင်ပန်းစေလိမ့်မယ်။ခံစားချက်တွေကိုအတည်ပြုဖို့ရာကလည်း အချိန်အတိုင်းအတာတစ်ခုလိုအပ်တာမို့ အဲ့အချိန်ထိကောင်လေးက တောင့်ခံထားနိုင်ပါ့မလား။
YOU ARE READING
ONE Month
Romance[Uni & Zawgyi] Completed "ကျွန်တော့်ကိုတစ်လပဲအချိန်ပေးပါ..တစ်လအတွင်းမှလူကြီးကျွန်တော့်ကိုပြန်မချစ်လာခဲ့ရင်..ကျွန်တော််လူကြီးအနားကနေ..အပြီးပိုင်ထွက်သွားပေးပါ့မယ်" ONE Month>••<