Part-16[Final]

7.5K 436 58
                                    

[Uni]

Part-16[Final]

'ကလေးရေ..ပြင်ပြီးရင်လဲထွက်လာတော့လေကွာ..ကျောင်းနောက်ကျတော့မယ်မလား...'

'လာပြီလူကြီး!!'

တတိယနှစ်ကျောင်းသားတစ်ယောက်ရဲ့ အချိန်ဇယားတွေက မလွယ်ကူလှပါ။လေ့လာစရာတွေလဲ များလာပြီဖြစ်သလို သင်ယူရတဲ့အရာတွေကလဲ ထုထည်ကြီးမားသည်။VHOPE အဖွဲ့ဝင်တစ်ယောက်လဲဖြစ်တာကြောင့် လေ့ကျင့်မှုတွေမှာလဲ မပျက်ကွက်ရ။ဘေးကနေအမြဲတစ်စေ ထိန်းကျောင်းပေးတတ်သည့် ဂျောင်ဂုရှိနေ၍သာ ထယ်ယောင်းအတော်လေးသက်သာနေတာဖြစ်သည်။

ဂျောင်ဂု၏အရင်ကွန်ဒိုမှာပဲဆက်နေဖြစ်ကြသည်။ အခန်းတွင်းပြင်ဆင်မှုကတော့ အရင်လိုAll Black မဟုပ်တော့ပဲ ထယ်ယောင်းသဘောကျသည့်အရောင်နုတွေကိုသာ နှစ်ဦးသားပြန်လည်ပြင်ဆင်ထားကြ၏။ကြမ်းပြင်ကစလို့ အခန်းစည်းအဆုံး ထယ်ယောင်းသဘောကျသော အရာများဖြင့်သာ ပုံဖော်ထားပြီး နေ့စဉ်ဘဝက ထယ်ယောင်းစိတ်တိုင်းကျသာဖြတ်သန်းသည်။
ဂျောင်ဂုက တစ်နေ့တစ်ခြားပိုမိုချစ်ပြပြီး..အချစ်ခံရတဲ့ထယ်ယောင်းမှာတော့ အခုဆို လေရှူရမှာတောင်ပျင်းသည်ဟုဆိုလာသည်။

ဂျောင်ဂု၏ဂရုစိုက်မှုတွေကြား နေလာခဲ့တဲ့ထယ်ယောင်းက အရင်လိုချူချာတာမျိုးမရှိတော့ပါ။တစ်နေ့တစ်နေ့ ဂျောင်ဂုချက်ကြွေးတာတွေစားလိုက် ဂျောင်ဂုရင်ခွင်ခေါင်းတိုးအိပ်လိုက်ဖြင့် လူလဲအတော်ထွားလာသည်။ဖောင်းဖောင်းလုံးလုံးလေးမို့ ချစ်မဝပါဘူးဆိုတဲ့ဂျောင်ဂုမှာတော့ အချိန်ရှိခိုက်သဝန်တိုနေတတ်သည်။IDoLတစ်​ယောက်ရဲ့ချစ်သူဖြစ်လို့
ပိုပြီးသည်းခံသင့်မှန်း ဂျောင်ဂုနားလည်ပေမယ့်..ချစ်တဲ့စိတ်ကြောင့် သဝန်တိုနေတာကိုထိန်းမရပေ။လုံခြုံအောင် လက်ထပ်ထားရန်ကြပြန်တော့ ကောင်လေးကကျောင်းမပြီးသေးတာကြောင့် အချိန်အတိုင်းအထိတစ်ခုအထိတော့ ဂျောင်ဂုစိတ်ရှည်ရပါမည်။

'ကလေးငယ်..ပေးကိုယ့်ကိုလွယ်အိတ်.'

'အင့်..'

'သွားကြစို့..'

ထယ်ယောင်းလက််ကိုဆွဲကာ ကျောင်းထိကားမောင်းပို့သည်။ထယ်ယောင်းအလွတ်ရနေပြီဖြစ်တဲ့ ငြီးငွေ့ဖွယ်ဆုံးမစကားကို ငါးမိနစ်ခန့်မှာတန်းခြွေပြီးနောက် ထယ်ယောင်းနံဖူးအားအနမ်းတစ်ပွင့်ပေးပြီးကုပ္ပဏီဆက်သွားခဲ့သည်။

ONE MonthWhere stories live. Discover now