Part-8

4.7K 390 80
                                    

[Uni]

Part-8

လွမ်းတယ်။အရမ်းလွမ်းတယ်။ဒီတစ်ခါကောင်လေးကို ကျွန်တော်တကယ်ရှုံးသွားပြီ။
ကောင်လေးကျွန်တော့်ကို လာမတွေ့တာတစ်ပတ်ခန့်။ တစ်နည်းအားဖြင့် နေ့စဉ်အနမ်းတွေမရတော့တာတစ်ပတ်ခန့်အကြာ။ဒီနေ့ကကောင်လေးစာမေးပွဲဖြေတာနောက်ဆုံးနေ့လို့သိရတယ်။ကောင်လေးပြောတာတော့မဟုပ်။Jin Hyung ပြောပြလို့သိထားတာပါ။

ခြောက်သွေ့တဲ့နေ့ရက်တွေက ကြာရှည်လွန်းတယ်။အရင်လို "လူကြီး"ဆိုပြီး ခေါ်သံလေးလဲမကြားရတာကြာရောပေါ့။ မျက်နှာချင်းဆိုင်အခန်းမှာ နေကြတာတောင် မျက်နှာလေးတွေ့ရဖို့ခက်ခဲနေလိုက်တာ။စာကြိုးစားနေတဲ့ကောင်လေးကို မနှောက်ယှက်ချင်တာနဲ့ပဲ ကျွန်တော့်နဲ့အလွမ်းတွေကိုချုပ်တည်းထားရင်းပေါ့။မေ့မေ့ပျောက်ပျောက်ဖြစ်မလားဆိုပြီး အလုပ်တွေပိုတိုးလုပ်တယ်။အလုပ်လုပ်နေရင်းနဲ့ပဲ ပိုတိုးပြီးလွမ်းလာတယ်။ကျွန်တော်အခု ကောင်းကောင်းကြီးလွမ်းတတ်သွားပြီဆိုတဲ့အကြောင်း ကောင်လေးသိရင် ဟားတိုက်လောင်ရယ်နေရှာမလား။ သိပ်တော့ဂရုမစိုက်ပါ...ကျွန်တော်ဆုံးဖြတ်ပြီးပြီ...ဒီနေ့ကောင်လေးကိုသွားတွေ့တော့မယ်လို့။ စာမေးပွဲပြီးသွားတာကိုအခွင့်ကောင်းယူပြီး..စကားလမ်းကြောင်းလွှဲလိုက်ရင်...ကောင်လေးယုံနိုင်ကောင်းပါရဲ့။ကျွန်တော်အရမ်းလွမ်းနေတယ်ဆိုတာကို ကောင်လေးသိလို့မရဘူး။

အပြင်အဆင်အနည်းငယ်လုပ်ပြီး စားပွဲပေါ်ကကားသော့ကိုယူကာ ကားဆီရောက်လာခဲ့သည်။ကားတံခါးဖွင့်ခါနီး..အဝင်callတစ်ခုကြောင့် ခနတာ ကြာမြင့်သွား၏။

အမည်မသိနံပါတ်တစ်ခုပဲ။

📞ဟလို

📞လူကြီး!!!

အလိုလိုကွေးတက်သွားသော နှုတ်ခမ်းတွေ။ဘယ်လောက်တောင်စောင့်ခဲ့ရတဲ့ ခေါ်သံလေးမို့လို့လဲ။

📞ကလေး!!

📞အခုချက်ချင်းကျောင်းကရုံးခန်းကိုလိုက်လာခဲ့...အုပ်ကြီးကတွေ့ချင်လို့တဲ့

📞ကိုယ့်ကို...

📞ကျွန်တော်ရန်ဖြစ်ထားတယ်....ဒဏ်ရာတွေလဲရထားတယ်..အဲ့တာလူကြီးမြန်မြန်လာ...ဒါပဲ

ONE MonthWhere stories live. Discover now