အတိတ်တစ်ခုရဲ့ အနာဂတ်ဟာ ပြိုလဲပျက်စီးခြင်းတို့တည်၍ ငိုကြွေးခြင်းတို့ မြည်တမ်းကြကုန်၏။
- War Of Heart -
Castellaရဲ့ မနက်ခင်း လေပြည်ဟာ ခပ်သဲ့သဲ့ သွေးပါလေ၏။ အေးစက်ခြင်းတို့ဟာ ထာဝရတည်မြဲခြင်းတို့ဖြင့် ယက်သွယ်ခဲ့ကြသည်မှာ ပြိုလဲပျက်စီးခြင်းမရှိ ခိုင်ခံ့တည်သည်။ ရေခဲစိုင်တွေ ပျော်ဝင်နစ်မြုပ်ခြင်းကို မည်သူတစ်ဦးတစ်ယောက်မှ ပြုဆောင်ရန် စွမ်းခဲ့မည်မဟုတ်ချေ။
" Aurora ပြည်သားကို စောင့်ကြည့်ထား "
ဖခင်၏ စေခိုင်းမှုအမိန့်သံဟာ သူ၏ နားထဲစွဲနေလေဆဲဖြစ်သည်။ အကြောင်းအရင်း လေးပင်မှုတွေဟာ သူ့ခြေလက်တွေကို ခဲဆွဲထားခဲ့သယောင်ရှိ၏။ အကျိုးဆက်တွေကို သူစဥ်းစားမိပါသော်လည်း ဧကရာဇ်ငယ်ကတော့ ထိုပြည်သားကို ပစား၍နေလေဆဲ။ တော်ဝင်မျိုးနွယ်တို့ရဲ့ အဝတ်ထည်စကိုတောင် ထိုပြည်သားပေါ် ဆင်မြန်းစေတယ်တဲ့လေ။
အတွေးရိပ်တစ်ခုဟာ နှောင့်ယှက်ခြင်းမည်၏။ လေးကို ဆုပ်ကိုင်ထားသော သူ့ရဲ့ လက်တွေဟာ ပို၍ တင်းကြပ်သွားကြသည်။ လှိုင်းဆင့်ကာနေသော ဒေါသမှုန်တစ်ချို့ဟာ သူ့ကိုယ်ထဲတည်၏။ ရိုက်ခတ်နိုင်ခြင်းမရှိအောင် သူဟာ ထိန်းချုပ်ရသည်။ သို့သော်လည်း လေယူယိမ်းသော ကမီလီယာတို့၏ မွှေးရနံ့ကို ရသောအခါ စိတ်အစုံက ခံစားချက်တို့နှင့် ပြင်းထန်လာပြန်သည်။
ဘာလို့များ ပြည်ခြားသားကို ယုံကြည်နေရတာလဲ ဧကရာဇ်အရှင်။
မြားဦးကို ချိန်ဆရင်း လေးကြိုးကို သူဆွဲလိုက်၏။ ကြိုး၏တင်းမာမှုတွေဟာ တစ်ရစ်ရစ်မြည်သည်။ သူ့ရဲ့ အမြင်အာရုံဟာ အဝေးက ပစ်မှတ်ကိုသာစူးစိုက်ထား၏။ ဖေသွယ်ခြင်းမရှိ။ မကြည်လင်လှသော အတွေးများကို ချုပ်ထိန်းဖို့ သူ့ကိုယ်သူအလုပ်ပေးရတာကပဲ အကောင်းဆုံးဖြေရှင်းနည်း ဖြစ်လိမ့်မည်။
လေးတင်ထားသော ရစ်ကြိုး ပြတ်ထွက်သွားလုနီးဆဲဆဲတွင် သူ၏ လက်ကိုဖြေလျှော့လိုက်၏။ အရှိန်အဟုန်ပြင်းစွာ ပြေးထွက်သွားသော သံဦးချွန်နှင့်မြှားက ပစ်မှတ်စက်ဝိုင်း၏ အလယ်တည့်တည့်သို့ ထိုးဖောက်ဝင်ရောက်ကာ စိုက်လေသည်။
YOU ARE READING
War Of Heart [ yj.bg ]
FanfictionCastella ပြည်၏ ကောင်းချီးသတင်းသည် လောကအလယ်ပြည့်လျှံ၏။ ဝံ့ကြွားသူအရှင်သခင်တို့၏ နယ်မြေ။ ချမ်းသာကြွယ်ဝခြင်း၏နယ်မြေ။ ထိုသို့ပြည့်စုံလှသော နယ်မြေသို့ နိမိတ်ဆိုးတစ်ခုရောက်ရှိလာသောအခါ၌ဝယ်။ Started 15 May 2021