လှည့်ဖျားခြင်းတို့ဟာ ပကတိတိတ်ဆိတ်စွာတည်တတ်ရဲ့။ ညို့ကွင်းသက်ရောက်သူဟာ ထွက်ပေါက်ကို ကျောခိုင်းခဲ့ရချေ။
-War Of Heart-
Castella ရဲ့ မှော်ပညာဟာ နူးညံ့ခြင်းတို့ ရစ်သိုင်းထွေးတတ်သလို အေးစက်နက်ရှိုင်းမှုတို့လည်း ပြည့်ဝတတ်သည့် ကျင့်ကြံ့ခြင်းမျိုးဖြစ်သည်။ ကုသခြင်း တိုက်ခိုက်ခြင်း ခုခံကာကွယ်ခြင်း စသည့်ဖြင့် မှော်ပညာကျင့်ကြံမှုမျိုးစုံရှိကြသည်။ ထိုသည်ထဲမှာမှ နတ်ဆိုးမှော်ပညာဟာတော့ အကြွင်းမဲ့ ကန့်သတ်တားမြစ်ခံရခြင်းရှိလေ၏။
Castella ဟာ စွမ်းအင်တို့ရဲ့ သန့်စင်မှုကိုအလေးထားသည်။ လမ်းမှားဖောက်လွဲပြန်မှုဟာ Castellaရဲ့ သေဒဏ်မှ ကင်းလွတ်နိုင်မှုမစွမ်းနိုင်လှချေ။ Castella ပြည်သားတိုင်းဟာ မှော်ပညာအနည်းငယ်ဆီတော့ တတ်မြောက်ကြသည်။ တော်ဝင်မျိုးနွယ်တွေဟာတော့ ထို ကျင့်ကြံမှုများကို မဖြစ်မနေတတ်မြောက်ရသည်။ ၎င်းတို့၏ အတတ်ပညာကိုလည်း Castellaကို ကာကွယ်ရန်ဟူသော အဖျက်မဆိုသည့် ရည်ရွယ်ချက်တစ်ခုဖြင့်သာ နစ်မြုပ်ထားကြရလေ၏။
တော်ဝင်မျိုးနွယ်တွေ ကျင့်ကြံ့ကြသော မှော်ပညာဟာ အလင်းရောင် မှော်ပညာအမျိုးအစားဖြစ်သည်။ နေမင်းရဲ့ စွမ်းအင်များကို ဦးခိုက်၍ ရှင်သန်သော သက်ငွေ့စွမ်းအင်များကို စီးမြောမှုဖြစ်လေကာ Castellaမှာ အမြင့်ဆုံးမှော်ပညာလည်း ဖြစ်လေသည်။ တော်ဝင်မျိုးနွယ်တစ်ပါးဟာ ကျင့်စဉ်ဖောက်ပြန်လွဲပါက Castella ၏ စည်းမျဉ်းတို့အရ ထိုသူ၏ ဝိညာဉ်သက်ဟာ ပြန်လည်မွေးဖွားမှုမရှိတော့အောင် ချေမှုန်ဖျက်ဆီးခံရမည်ဖြစ်သည်။
ဤသို့ဖြစ်သည့်တိုင် Castella ရဲ့ တော်ဝင်နွယ်သွေးသားငယ်ဟာ နတ်ဆိုး၏ ကောင်းချီးနှင့်အတူ ကျိန်စာတစ်ခုကို သယ်ယူ၍ မွေးဖွားလာခဲ့သည်တဲ့။
" အိမ်ရှေ့စံ၊ ဒီကလေးကို ကျွန်တော်မျိုးတို့ အသက်ရှင်ခွင့်ပေးလို့မဖြစ်တော့ဘူး ! "
ပုရောဟိတ်ရဲ့အသံဟာ ခန်းဆောင်တော်ထဲဝယ် မာထန်စွာထွက်ပေါ်၏။ အိမ်ရှေ့စံဟာ သက်ပြင်းတစ်ချက်သာချသည်။
YOU ARE READING
War Of Heart [ yj.bg ]
FanfictionCastella ပြည်၏ ကောင်းချီးသတင်းသည် လောကအလယ်ပြည့်လျှံ၏။ ဝံ့ကြွားသူအရှင်သခင်တို့၏ နယ်မြေ။ ချမ်းသာကြွယ်ဝခြင်း၏နယ်မြေ။ ထိုသို့ပြည့်စုံလှသော နယ်မြေသို့ နိမိတ်ဆိုးတစ်ခုရောက်ရှိလာသောအခါ၌ဝယ်။ Started 15 May 2021