Chapter _ 5 {Uni+Zaw}

101 13 0
                                    

Unicode >.<

   PPမုန့်တောင်မပေးပဲလှည့်ပြန်လာလိုက်သည်
ကြားထဲစိတ်တောင်ကောက်လိုက်သေးသည် ။
ဒါလဲBillkinတို့ကလျှော့ပေးရတာပဲ ၊
ဒီတစ်ခေါက်ဦးလေး Varkနားမေမေတို့အကြောင်းသွားစုံစမ်းခဲ့ရသေးတယ်။
ဦးလေး Varkအပြန်လမ်းမှာ Accident ကြောင့်ဆေးရုံတက်နေရတာနဲ့ အားနာ၍မမေးပဲပြန်လာခဲ့ရသည်မှာBillkinလည်းအသိပင် ။

တောက်!!
"လမ်းခွဲရအောင် Yuki ငါထက်ပြီးအလိမ်မခံနိုင်
တော့ဘူး "
"ကိုကို့သဘောပဲလေ "
"ဘာ!!! "
".."
"မင်းကနည်းနည်းတောင်ငါ့ကိုမဆွဲထားဘူးပဲ
ငါ့မှာတော့မင်းအလိုကိုလိုက်ခဲ့ရတာ "
"ကို့ကို့ကိုမှမချစ်တော့တာ "
Yuki ဟိုတစ်ခါကတစ်ယောက်နဲ့
တွဲနေတာBillkinသိသွားခြင်းပင်ဖြစ်သည် ။
"ဟက် ကောင်းပြီလေ "
~~~~
ဒီနေ့လည်းအလုပ်ပင်ပန်းလွန်းသဖြင့် အစောကြီးအိပ်ရာဝင်မိသည်မှာPPပင်။
ဒေါက် ဒေါက် ဒေါက် !!
PPKritt လန့်နိုးလာပြီးတံခါးသွားဖွင်းပေးတော့ထင်
သည့်အတိုင်းBillkinပင်။

"ဆရာဝန်ဖြစ်ပြီး သောက်လာပြန်ပြီ"
"ဆရာဝန်ဖြစ်တိုင်းမသောက်ရဘူးလား ဟမ်"

Billkin  PPkrittရဲ့ပုခုံးနှစ်ဖက်ကိုအားနဲ့အကြမ်းပတမ်းလှုပ်ရမ်းကာဆိုသည်။

"အား Billkin နာတယ်လို့ "
"Pသိလား Yukiနဲ့တကယ်လမ်းခွဲလိုက်ကြပြီ
ကိုယ့်ဘက်ကအရင်စပြောခဲ့တာကွာ ဒါပေမယ့်
ဒါပေမယ့် သူကကိုယ့်ကိုတောင်ဆွဲမထားရှာဘူး
သူကိုယ့်ကိုချစ်တယ်လို့ထင်ခဲ့တာ .."

"...."
PPKrittရဲ့ ပုခုံးတစ်ဖက်ဖော်ခေါင်းလေးစိုက်ကျကာ ရင်ဖွင့်လာတဲ့Billkin
​PPခမျာ ကျောပုတ်ပေးပြီးနှစ်သိမ့်ပေးရုံကလွဲပြီးကျန်တာမလုပ်ပေးနိုင်။

Dutyချိန်တွေဆို သူငယ်ချင်းကိုအကူအညီတောင်းပြီး အရက်အမြဲသွားသောက်သည့်Billkin၊
နှုတ်ခမ်းအထက်၌ကြမ်းရှရှနှုတ်ခမ်းမွှေးများလည်းများစွာပေါက်၍ တကယ့်အရက်သမားနှယ်၊

"Billkin Putthipong !!! တော်တော့လို့ပြောနေတယ် အခုထပြန်မယ် "
Barကို ရောက်လာသည့်PPKritt !

ဒါလည်းပထမဆုံးအကြိမ်မဟုတ်ခြင်း။
Yuki နဲ့ပြတ်ပြီးကတည်းက အသဲတွေကွဲ Barတွေသွား PPKrittကလိုက်ထိန်းနဲ့ ၂လပင်ကျော်လေဖြစ်၏။

"ဟင် Yuki ကိုယ့်ဆီလာတာလား "

ဘုတ် !!

Billkin  ရဲ့ကျောပြင်ပေါ်ကျရောက်လာတဲ့ခက်ပြင်းပြင်းရိုက်ချက်တစ်ခု
"ခုချက်ချင်းထ ပြန်မယ် !"

~~~
ကိုယ့်ထက်ငယ်ပေမယ့်လည်း ခန္တာကိုယ်ထွားတဲ့ Billkinကြောင့် Ppkritt ရဲ့တစ်ကိုယ်လုံးခံနိုင်ရည်မရှိ။
ကုတင်ပေါ်ကိုတင်ပေးပြီး ဝတ်ထားတဲ့ခြေအိတ်
တွေကစလိုက်ချွတ်ပေးနေရသည်မှာPPkrittရဲ့
မရိုးရသောအလုပ်တစ်ခုပင်။
အပေါ်ထပ်တွေချွတ်ပြေးပြီး သွားမယ်အလုပ်
ရုတ်တရုတ်ရက်ခွင်ထဲသို့ဆွဲသွင်းခြင်းခံလိုက်ရသည့်
PP ခမျာအရမ်းပင် တုန်လုပ်သွားသည်ခနတာမျှမည်
သည့်စကားမှမဆိုနိုင်။

If Love Be Sin Where stories live. Discover now