Chapter -7 {Uni+Zaw}

106 11 1
                                    

Unicode >.<

Billkin PPရဲ့ တိုက်ခန်းကိုတိတ်တိတ်လေး
ခနခနလာကြည့်မိတယ် Pအဆင်မှပြေရဲ့လား
သူသိပ်သိချင်နေ၍ပင် သွားကြည့်မိတဲ့အခါတိုင်းလဲ PPမျက်နှာကိုအဝေးမှသာကြည့်၍ သက်ပြင်းချနိုင်
သည်။

"မောင်တောင်းပန်ပါတယ် ခုလိုလေးပဲအဆင်ပြေပြေနေပေးပါ"

*******
  နာရီလက်တံတွေ အဆက်မပြတ် ရွေးလျားမှုနှင့်အတူ PPKrittရဲ့ ဗိုက်လေးလဲ လုံးလုံးလေးရှေ့ကို ထွက်လာနေမှုနှင့်အတူ နေရထိုင်ရတာဘာတစ်ခုမှအဆင်မပြေ အလေးက မ,လို့မရ တစ်ခါခါစားချင်တာမစားရရင်
ငိုသေးတာ ၊ငိုနေသော်လည်းဘယ်သူကဘာလုပ်ပေး
နိုင်မှာမို့လဲ ဘေးမှာမောင်မှမရှိတာ ။ဆွေမျိုးသားချင်းကမရှိ တစ်ကောင်ကြွက်ဘဝနှင့် ဒီဗိုက်လုံးလုံးလေးထဲက ကလေးမထိခိုက်အောင် အကုန်ဆင်ခြင်နေရတယ် ။ဝမ်းနည်းလို့လို့ဖက်ငိုပြီးရင်ဖွင့်စရာလူမရှိ ၊ညတိုင်းငိုနေမိတာ ဗိုက်ထဲကကလေးကလည်း စိတ်ပင်ပန်းနေမှာအသေအချာပင်။

မေမေတို့ကိစ္စရယ် ဦးလေးVarkကိုသတ်တဲ့တရားခံ Kedကို အပြစ်ပေးထောင်ချဖို့ကိုလည်း
အခုကိုယ်ဝန်ကြောင့် ဘလိုမှမဖြစ်နိုင် ။
အချိန်ကိုမပေးနိုင် ဆိုးတာက သက်သေမရှိ၍ပင်။
~~~~
"Yuki လေလမ်းဘေးကအသုတ်ဆိုင်မှာ ချဉ်ချဉ်
စပ်စပ်လေးတွေ စားချင်လို့ အကိုအားတဲ့နေ့ကျ
လိုက်ပို့ပေးပါလားဟင်"

"အင်း အင်း နောက်တပတ်ကျ တစ်ရက်
အားတယ်အက်နေ့ကျလိုက်ပို့ပေးမယ် ဒါနဲ့သူနဲ့ကောအဆက်အသွယ်ရလား"

Yuki မျက်နှာလေးညိုးငယ်စွာခေါင်းခါမိသည်။

"စိတ်ချပါ Yukiအနေအထိုင်ဆင်ခြင်ပါတယ် ။
ကိုယ်ဝန်စရှိကတည်းက အခုထိ အိမ်ပြင်ကိုသိပ်
မထွက်ပါဘူး ။ထွက်လဲDriverနဲ့ပဲလေ ၊အကို့ကိုလည်းသူများတွေတမျိုးထင်မှာဆိူးလို့ အကို့ဂုဏ်သိက္ခာ
ကိုလူတွေစော်ကားမှာဆိုးလို့ပါ ။Yukiအတတ်နိုင်ဆုံး ကင်းကင်းရှင်းရှင်းနေပါတယ်"

"အကိုနားလည်ပါတယ် ၊ဝမ်းနည်းမနေနဲ့တော့ အက်နေ့ကျ လိုက်ပို့မယ်နော်"
"ဟုတ် ကျေးဇူးပါ"

~~~

"Hello အကိုPea လားဟင်"
"ဟုတ်တယ် PP နေကောင်းရဲ့လား "
"..."
"ဟင် PP ဘာပြောတယ် တကယ်လား မယုံနိုင်စရာကြီး"
"ကျွန်တော် မျက်နှာပြောင်တိုက်တာမဟုတ်ပါဘူး
ကျွန်တော့်ကိုကူညီပေးလို့ရမလားဟင် "
PPတစ်ယောက်ထဲ ကိုယ်ဝန်တစ်ဖက်နှင့်ဘယ်လိုမှအဆင်မပြေတော့ နောက်ဆုံးအကိုPeaနေတဲ့နိုင်ငံမှာ ကလေးသွားမွေးရန် အကူအညီတောင်းခဲ့ခြင်းပင်  ။(PPတို့နေတဲ့နိုင်ငံမှာယောကျာ်လေးကိုယ်ဝန်ခွဲစိတ်ဖို့ထိ အရမ်းကျွမ်းကျင်သည့်ဆရာဝန်မရှိချေ)

"ဟာမဟုတ်တာ PPရာ အကိုကိုယ်တိုင်လာခေါ်
မယ်နော် "

*******
ဓာတ်ပုံထဲက နှစ်ယောက်တွဲရိုက်ထားတဲ့ ပုံလေးကို
ကြည့်၍ ညတိုင်းအသံတိတ် ငိုမိသည်မှာကြာလေပြီဖြစ်​၏။
"ဒီ၁လလုံးလုံးအကို P့ကိုမတွေ့ဘူး နေများမကောင်းများဖြစ်နေတာလားပဲ စိတ်ပူလိုက်တာ အခုလဲနိုင်ငံခြားထွက်သွားပြီလို့ သတင်းကြားတယ် အကို့ကို
အရမ်းစိတ်ဆိုးသွားတာထင်တယ်နော်"

If Love Be Sin Where stories live. Discover now