Chapter_19{Uni+Zaw}

89 8 0
                                    

Unicode >.<

AN / တင်ချင်လွန်းလို့ စာလုံးပေါင်းတောင်
ပြန်မစစ်ထားပါဘူး သည်းခံဖတ်ပေးပါ
~~~~~
BillkinPPရယ် အခြားသော သက်ဆိုင်သာ
အမှုစစ်၊ရှေ့နေ၊တရားသူကြီးများက Kedအလာကို
ထိုင်စောင့်နေကြသည်။
Pillကိုကျောင်းပို့ပြီးကတည်းက တရားရုံကို
ရောက်နေတာ အချိန်အတော်ပင် လင့်နေပြီ
ဖြစ်သည်။
တရားသူကြီးမှာလည်း စိတ်ပင်မရှည်တော့။
နှလုံးက ထဖောက်လာသည်ဟူသော
ချောင်လွဲချင်စိတ်ဖြင့် Kedချောင်သည်။
၁နာရီထိုင်စောင့်ပြီးအကြာ Kedရောက်လာသည်။
ဤသည်မှာလည်း မလွဲသာလို့သာ
ဘယ်လိုအခြေအနေပဲ ရောက်နေပါစေ
ခုတရားရုံးချိန်းကို ပျက်ကွက်ခဲ့ပါက
ချက်ချင်းလက်ထိပ်ခတ်ပြီး ထောင်ထဲတစ်ခါတည်းခေါ်မည် လို့Billkinတို့ရဲတွေ ငှားပြီးသွားခေါ်လာသောကြောင့်ပင်ဖြစ်၏။

Kedဝင်လာခြင်းနှင့်အတူ တရားစီရင်ခန်းထဲ
ချက်ချင်းလူတွေပြည့်သွားသည်။
ဤသည်မှာလည်း အခြားမဟုတ် Kedခေါ်လာသော သူ​၏သက်တော်စောင့်များပင်
BillkinကောPpပါ ဟက်ခနဲတစ်ချက်ရီမိလိုက်သည်။
အပြစ်လုပ်တုန်းက လုပ်ထားပြီးအခုမှ တုန်နေအောင်ကြောက်နေသည်တဲ့လား ။

"သူ့ရဲ့မိဘတွေရဲ့ကားကို ဘရိတ်ကြိုးဖျက်ပြီး လုပ်ကြံခဲ့တာဟုတ်ပါသလား"

"အားအားယားယား လုပ်စရာလား"

"တောက်!!! ငါတရားသူကြီးနော် ပိုက်ဆံရှိတယ်ဆိုတိုင်း ထင်ရာစိုင်းမနေနဲ့ မေးတာကိုသေချာဖြေ မဟုတ်ရင် မင်းငါ့ကိုမထီမဲ့မြင်လုပ်တဲ့ အမှုနု့တင်ချက်ချင်းထောင်ကျသွားမယ်မှတ်"

"ခုနကပြောတာ ပြန်ဖြေ မင်းလုပ်ကြံခဲ့တာမှန်သလား"
"မဟုတ်ဘူး ကျွန်တော်လုံးဝမလုပ်ဘူး"
Ppkrittရဲ့အကြည့်စူးရှရှများက Kedကိုကြည့်နေသည်။
သေသွားတဲ့သူတွေကိုမှ အားမနာ အချိန်တွေကြာလာတာတောင် သူ့လုပ်ရပ်ကအမှန်ပဲထင်နေတာ။
အခုလဲ ကိုယ့်အပြစ်ကိုယ်ကို ဝန်မခံ။

"ခုချိန်မှာ စစ်မေးနေတဲ့မေးခွန်းကို လိမ်လည်ဖြေဆိုခဲ့သည်ရှိသော် နောက်တရားခွင်ကျရင် အဖြေမှန်ပေါ်လာရင် လိမ်လည်ထားတဲ့အတွက် ပြသ်ဒဏ်ကနှစ်ဆနော်"

"သိတယ်"
"ဒီနေ့တော့ဒီလောက်ပဲရှေ့နေခေါ်ခွင့်ရှိပါတယ်"

Kedအတွက်ရှေ့နေခေါ်ခွင့်ပါပေးထားသည် ။
Billkinရဲ့အမေကိစ္စကိုပါ စစ်မေးတာတောင်
ငြင်းသည်။
Kedစကားပုံတစ်ခုကိုလက်ဆွဲထားပုံရသည် "ဘူးတစ်လုံးဆောင် အိုတောင်မဆင်းရဲဘူး "တဲ့လေ။
သက်သေတွေပြီးပြည့်စုံနေတာကိုများ သူမလုပ်ဘူးလို့ ဘူးခံငြင်းနေသည်မှာ ရှက်စရာပင်။

ဒီတစ်ခါတရားခွင်တော့အစပိုင်းမို့နေပါစေတော့
နောက်တခေါကိကျ Nutကို မျက်မြင်သက်သေခေါ်လာမှ Kedရဲ့ရွံ့ရှာစက်ဆုပ်ဖွယ်ကောင်း၍ သွေးပျက်နေသည့်မျက်နှာကို တဝကြီးခံစားကြည့်ရှုအုံးရမည်။
အခုတောင်သွေးရူးသွေးတမ်း ဖြစ်နေတာကိုကြည့်ရတာနဲ့တင် သိပ်ကိုကျေနပ်အားရဖွယ်ပင်။

If Love Be Sin Where stories live. Discover now