အခန်း 《၁》

443 33 1
                                    

အတင်းအကြပ်ထိမ်းမြားပေးခြင်း
______________________

{{ချွင်းသဲ့ဇကရာဇ်၏ နန်းစံဆယ်နှစ်မြောက်၊ ၈ လပိုင်း ၁၇ ရက်}}

ဆောင်းဦးနှောင်းပိုင်းဖြစ်ပေမဲ့ နေ့ရက်တွေက ပူလောင်အိုက်စပ်လှ၏။

အဖွားကျန်းက စင်္ကြံရှိ ကြိမ်ကုလားထိုင်မှာ ထိုင်နေတယ်။ သူမရဲ့ ကြမ်းထော်ပြီး ဖောင်းတုတ်တဲ့ လက်ချောင်းတွေက ဖရဲသီးစေ့တစ်စေ့ကို ကောက်ပြီး ပါးစပ်နား ယူလိုက်တယ်။ သူမ ပါးစပ်ဖွင့်ပြီး မညီညာတဲ့ သွားနှစ်တန်းကိုဖော်ကာ အစေ့များကို ထိုသွားကြားထဲထည့်ပြီး ကျယ်လောင်တဲ့ အက်ကွဲသံနှင့်အတူ အခွံကနေ အစံကိုဖယ်လိုက်တယ်။ သူမက အခွံကို အားနှင့် ထွေးလိုက်ပြီး နှစ်လှမ်းအကွာမှာ ရပ်နေတဲ့ ရွှင်ရှားကို တစ်ချက်ကြည့်လိုက်တယ်။

“သူငယ်မ၊ နင်က အချိန်မှားပြီး လာခဲ့တာပဲ၊ *ဖူးရန်က ဒီနေ့ နေမကောင်းဖြစ်လို့ *ကွော်ကုန်းရယ်က အစေခံတွေကို ဂျင်ဆင်းစွပ်ပြုတ်ကြိုခိုင်းထားတယ်၊ နှစ်ငါးဆယ်ကျော် ဂျင်ဆင်းတစ်ခု မပြောနဲ့ အခုငါတို့မှာ နှစ်သုံးဆယ် ဂျင်ဆင်းတောင် မရှိဘူး” အဖွားကျန်းက ပြောတယ်။

¶ E/N : ကုန်းက မင်းမျိုးမင်းနွယ်ထဲမှာ မြင့်မားတဲ့အဆင့်ဖြစ်ပြီး မြို့စားမင်းနှင့် ဆင်တူတယ်၊ ‘ရယ်’ က အရှင်လို့ ဆိုလိုတယ်၊ ဖူးရန်က ကုန်း၏ဇနီးကိုရည်ညွှန်းတယ်၊ ကွော်ကုန်းက ကုန်းအမျိုးအစားများထဲက တစ်ခုဖြစ်ကာ ‘တော်ဝင်မြို့စားမင်း’ ဟုပြန်ဆိုနိုင်ပြီး ပုံမှန် ကုန်းထက် အဆင့်ပိုမြင့်တယ် ¶

ရွှင်ရှားရဲ့ ဗာဒံစေ့ပုံစံမျက်လုံးများက လက်ဖက်ရည် ပန်းကန်ပြားလောက် ကျယ်သွားပြီး ပြည့်ဖောင်းနေတဲ့ အဖွားအိုကို စိန်းစိန်းဝါးဝါးကြည့်လိုက်တယ်။ အကြည့်သာ လူသတ်နိုင်လျှင် သူမ အဖွားအိုရဲ့ ခန္ဓာကိုယ်မှာ အပေါက်ဖောက်ပြီးပြီဖြစ်တယ် “ကျန်းမားမား* ကျေးဇူးပြုပြီး မနောက်ပါနဲ့၊ ကွော်ကုန်းအိမ်တော်မှာ ဂျင်ဆင်းများစွာရှိပါတယ်၊ သူတို့ကို မုန်လာဥနီလို စားရင်တောင် တစ်မနက်တည်းနဲ့ ဒီဂျင်ဆင်းအားလုံးကို စားလို့ပြီးမဲ့နည်းမရှိပါဘူး”

𝖩𝗎𝗇 𝖶𝖾𝗂 𝖷𝗂𝖺 『𝗨𝗻𝗶𝗰𝗼𝗱𝗲』Where stories live. Discover now