ထိမ်းမြားအပ်နှင်းခြင်း
_______________အန်းကွော်ကုန်းရဲ့အမည်က လော်ကျင့်ယွီ ဖြစ်ပြီး သူ့ရဲ့လောကသိအမည်က ပေါ်ဆန်း ဖြစ်တယ်။ သူ့ခန္ဓာကိုယ်က အရပ်ရှည်ရှည် ခပ်သွယ်သွယ်ဖြစ်ပြီး ရည်မွန်တဲ့ မျက်နှာအသွင်အပြင်ရှိတယ်။ အန်းကွော်ကုန်းရဲ့ ရာထူးက စစ်ဘက်ကဖြစ်ပေမဲ့ သူက စစ်ဗိုလ်တစ်ဦးထက် သာမန်ဝန်ကြီးတစ်ဦးနှင့် ပိုတူတယ်။ ဟွေ့ကျုံးရဲ့ အပြုံးကို မြင်ပြီးနောက် လော်ကျင့်ယွီ ကျူးချွေ့စံအိမ်ဆီ တည့်တည့်လျှောက်သွားလိုက်တယ်။
ထိုက်ကျုံဧကရာဇ် ကွယ်လွန်ချိန်မှာ *ဟွမ်ထိုက်ဟုန်က သူရဲ့သားငယ်နှင့်အတူ နိုင်ငံကို ရင်ခွင်ပိုက်အုပ်ချုပ်ခဲ့တယ်။ ရလဒ်အနေဖြင့် တော်ဝင်တရားရုံးက ပရမ်းပတာဖြစ်သွားပြီး ဘုရင်ခံများက သြဇာအာဏာကြီးထွားလာကာ အင်ပါယာအတွင်းရှိ ချိန်ခွင်လျှာကို မတည်မငြိမ်ဖြစ်စေခဲ့တယ်။ ရှီကျုံဧကရာဇ်က ပဋိပက္ခတွင် သေဆုံးလုနီးပါးဖြစ်သွားပြီး ဒီအဖြစ်အပျက်မျိုး ထပ်ဖြစ်ခြင်းမှ ကာကွယ်ဖို့အတွက် ဧကရာဇ်က ယခုမှစ၍ ဧကရီက အမျိုးသားတစ်ယောက်ဖြစ်ရမည်ဟု ကြေငြာခဲ့တယ်။ အိမ်ရှေ့စံ နာမည်သတ်မှတ်ပြီးတာနှင့် မယ်တော်အရင်းနှင့် အဆက်အသွယ်ဖြတ်ကာ အမျိုးသားဧကရီဆီ ခေါ်ဆောင်သွားရမည်ဟု အမိန့်ချမှတ်ခဲ့တယ်။ ရှီကျုံဧကရာဇ် မြှုပ်နှံထားခံရတာ နှစ်တစ်ရာကျော်နေပြီဆိုပေမဲ့ သူ့ရဲ့မူဝါဒက ယနေ့အထိ သက်ရောက်မှု ရှိဆဲပင်။ အမျိုးသားဧကရီမူဝါဒကို အကောင်အထည်ဖော်ပြီးကတည်းက တော်ဝင်တရားရုံးက တည်ငြိမ်သွားပေမဲ့ ဒီမူဝါဒရဲ့ သားကောင်ဖြစ်နေရသူ လော်ကျင်းမှာ ယင်းနှင့်ပတ်သက်၍ မပျော်ရွှင်နိုင်။
¶ Empress Dowager ကို ဟွမ်ထိုက်ဟုန်လို့ ပြန်လိုက်ပါတယ် ¶
“...အန်းကွော်ကုန်း၏သား လော်ကျင်းသည် စာပေပညာနှံ့စပ်ကာ ကိုယ်ခံပညာတတ်မြောက်ပြီး နှစ်လိုဖွယ် မျက်နှာထားရှိ၏၊ သို့ဖြစ်၍ အိမ်ရှေ့စံမင်းသား ရှောင်းချန်ကျွင်းနှင့် ထိမ်းမြားလက်ထပ်ရန် ချီးမြှောက်အပ်နှင်းလိုက်သည်...” လော်ကျင်း တော်ဝင်နဂါးတံဆိပ်ပါတဲ့ တောက်ပတဲ့ပိုးထည်ဝါဝါကို ဆုပ်ကိုင်ရင်း အချိန်အတော်ကြာ အာစေးမိသွားတယ်။
![](https://img.wattpad.com/cover/298325042-288-k323080.jpg)
YOU ARE READING
𝖩𝗎𝗇 𝖶𝖾𝗂 𝖷𝗂𝖺 『𝗨𝗻𝗶𝗰𝗼𝗱𝗲』
RomanceTitle : The Submissive Emperor Associated Name(s) : 君为下, Jun Wei Xia, Husband Is Last Author : 绿野千鹤 | Lu Ye Qian He Genre(s) : Comedy, Romance Status in COO : 102 Chapters [Completed] ⚠︎𝑼𝒑𝒅𝒂𝒕𝒆 𝑺𝒄𝒉𝒆𝒅𝒖𝒍𝒆 : 𝑺𝒑𝒐𝒓𝒂𝒅𝒊𝒄⚠︎ ☞︎︎︎𝑮𝒊𝒗𝒆...