PRESENT DAY
SEOUL INTERNATIONAL UNIVERSITYဆိုးလ်မြို့ရဲ့ ဆောလ်အူလ် နိုင်ငံခြားဘာသာတက္ကသိုလ်အတွင်း ပြောင်ပြောင်လက်လက် အနက်ရောင် ဆိုင်ကယ်တစ်စီးဝင်လာသည်နှင့် ကျောင်းသူလေးများရဲ့ စိတ်ဝင်စားမှု့မှာ ထိုနေရာတွင်ဆိုက်ကပ်သွားကြသည် ။
ဆိုင်ကယ်ကိုစက်သတ်ကာ လွယ်အိတ်နဲ့ရေဘူးကိုယူရင်း ကျောင်းဝန်းထဲသို့ခြေချလိုက်သည် ။
ဖြတ်သွားဖြတ်လာကျောင်းသူလေးတွေကတော့ သူ့ကိုငေးလို့မဆုံးကြပေ ။
အရပ်မြင့်မြင့်အသားဖြူဖြူ ကိုမှ အနောက်တိုင်းသွေးရောတာကြောင့် ကြည့်မိတဲ့မိန်းခလေးတိုင်းမှာရူးလောက်စေသည် ။
"Hey Mark!!!"
အဝေးကနေ လှမ်းအော်ကာခေါ်ရင်း အနားရောက်တော့မှ Bangchan တစ်ယောက်သူ့ပုခုံးပေါ် လက်တင်လိုက်သည် ။
လူမရောက်ခင်အသံလာ ဆိုသလို အရမ်းမကျယ် မတိုးသော အသံကသူ့အားရယ်ရစေသလို တခါတလေ စိတ်လဲရှုပ်စေသည် ။
"Ohh man..နွေရာသီတစ်ချိန်လုံးမတွေ့ရတာနဲ့ ခန့်လာလိုက်တာကြည့်စမ်း!"
လိုချင်တာတစ်ခုခုများရှိလျှင် မြှောက်ပင့်တက်သော bangchan hyg ကဘာတောင်းဆိုအုံးမလဲဆိုတာကိုနားစွင့်ထားသည် ။
"မြှောက်မနေပါနဲ့ Hyg ရယ် ကျွန်တော်က Hyg ကိုဒီနှစ်တော့တကယ်မတွေ့ရတော့ဘူးထင်ပြီးပျော်နေတာ"
"ဘာလဲ ငါရှိတာမင်းကမပျော်ဘူးပေါ့? ရပါတယ်ကွာ ငါ့မှာတော့မင်းတို့ကိုသံယောစဉ်ရှိလွန်းလို့ ဘွဲ့တောင်မယူသေးပဲစောင့်နေတာကို"
ရင်ဘက်ကိုခပ်ပြင်းပြင်ပုတ်လိုက်ရင်း Bangchan Hyg ကပြောသည် ။ ဒါမျိုး ပေါတောတောတွေသာသရုပ်ဆောင်ရင်အကယ်ဒမီကတန်းနေမှာမြင်ယောင်မိသေး ။
YOU ARE READING
Billet - Doux [ RenMark ]
FanfictionMark×Renjun Bad Boy and Bad Boy's Boyfriend ! [Just a fictional 🪡 please enjoy] 20.Jan.2022