Four

139 26 20
                                    

MARK ' s SITE

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.



MARK ' s SITE

"ကျစ်...!"

"ဘာလုပ်ရမလဲ? မထူးပါဘူးကွာ"

ခေါင်းကိုအသာစောင်းငဲ့ကြည့်ရင်း ထိုလမ်းကြားငယ်လေးထဲကိုသူဝင်ခဲ့သည် ။

တခြားလမ်းတွေလိုမကျယ်တာကြောင့် တစ်ခုခုဆို ပြေးဖို့ကလဲမလွယ်ပေ ။

လမ်းရဲ့အလယ်နားလောက်တွင် လူတစ်ယောက် လှဲကျလို့နေသည် ။

​မှိန်ပြပြကောင်းကင်ရဲ့အရောင်ကြောင့် မျက်နှာကိုသေချာမမြင်ရသည့်အပြင် ခွေခွေလေးလဲနေတာကြောင့် အနီးနားကိုသွားကာ ပုခုံးကိုထိ၍လုပ်နှိုးလိုက်သည် ။

"ဒီမှာ..."

"အဆင်ပြေရဲ့လား???"

Leather jacket အနက်ကိုဝတ်ထား၍အောက်ကဘောင်းဘီမှာလဲ အနက်ရောင်ဖြစ်သည် ။

"အာ..."

ထိုသူရဲ့လှုပ်လာတဲ့လက်တွေကိုအသာဆွဲကာထူဖို့လုပ်တော့ သူ့လက်တွင်ပေလာသော ချွဲပျစ်ပျစ် အနီရောင်သွေးတွေ ။

"ဘုရားရေ..သွေးတွေအများကြီးပဲ"

ဂျိုင်းကနေမကာ ဆွဲထူလိုက်တော့ အားမရှိတဲ့ဟိုဘက်ကခန္ဓာကိုယ်အား တော်တော်နဲ့မလို့မရပင်မယ့် သူ့ထက်သေးငယ်သော အရွယ်အစားကြောင့်ပင် မကြာသောအချိန်အတွင်းမှာ ထူလို့ရလိုက်သည် ။

မျက်နှာထပ်တွင်လဲသွေးချင်းချင်းနီနေပြီး ဘယ်နေရာတွေမှာဘယ်လိုဒဏ်ရာတွေရှိမလဲဆိုတာ မီးရောင်ကြောင့်ရော အင်္ကျီအရောင်ကြောင့်ပါ ကောင်းကောင်းမမြင်ရပေ ။

"ခဏလေးတောင့်ထား မင်းကိုဆေးရုံခေါ်သွားပေးမယ်"

သူ့ပုခုံးပေါ်ကိုထိုသူရဲ့လက်တွေတွဲကူရင်း ထိုလမ်းကြားငယ်လေးထဲကနေ ဖြေးဖြေးချင်းထွက်ခဲ့တော့ ညနေစောင်းအချိန်မှာ ခုနကထက်ပို၍မှိန်လို့နေပြီ ။

Billet - Doux [ RenMark ]Where stories live. Discover now