Zawgyi
မြန်မာနိုင်ငံ၏ နွေဦးသည် လေအေးအေးလေးများဖြင့် ဖြူးဖြူးလေး တိုက်ခိုက်နေသည်။ ကောင်းကင်ကြီးကလည်း သာယာလို့။ လေယာဉ်ကွင်းက ထွက်လာသည့် အရပ်၆ပေကျော်ကောင်လေးကလည်း ဆွဲဆောင်မှု အပြည့်ဖြင့်။ နေကာမျက်မှန်ဖြင့် ဖုံးထားသော သူ့၏ မျက်လုံးကို မမြင်နိုင်သော်လည်း တင်းတင်းစေ့ထားသည့် နှုတ်ခမ်းတို့ဖြင့် မြင်သူတိုင်း မလှည့်ကြည့်ဖြစ်အောင် ကြည့်ကျသည်။အနက်ရောင်တီရှပ်ကို အပေါ်တွင် ဂျင်းသားလက်ရှည်အနက်ဖြင့် ထပ်ကာ ၀တ်ထားပြီး pantအနက်ဖြင့် နက်စွေးနေသူမှာ ဘဟ်အချိန်ကြည့်ကြည့်ကောင်းနေသည်။
သူ့အတွင်းရေးမှုး Joshက သူ့အိတ်တွေကို သယ်လာပေးပြီး သူနားကနေ လျှောက်လာသည်။ Josh ကလည်း အင်္ဂလိပ်သားပီပီ အရပ်က ခပ်မြင့်မြင့်။ မြန်မာ စကားကို သူက သင်ခိုင်းသည့်မို့ ပြောတတ်သည်။ သူမြန်မာစကားကို ချစ်ပါသည်။ သူမုန်းသည့် အဖေက မြန်မာပေမဲ့ သူ့နှလုံးသားပိုင်ရှင်လေးက မြန်မာလူမျိုးဖြစ်သည်လေ။
Alaxလေယာဉ်ကွင်းအပြင်ကို ထွက်တော့ သူ့ကို ၀တ်စုံမဲများဖြင့် ရပ်စောင့်နေသည့်လူ ၂၀ကျော်။
"Boss!!!"
သူ့ကိုတွေ့သည်နှင့် နှုတ်ဆက်သည့် အသံက သြထွက်လျက်။ လူတွေကလည်း ကွက်ကြည့်ကွက်ကြည့်နှင့် မသိလျှင် သူက မာဖီးယားခေါင်းဆောင်လိုလို။အင်း..........တကယ်လည်း သူက မာဖီးယားခေါင်းဆောင်ပဲဟာ။
Alaxလည်း ပြန်ဖို့ လက်ဟန်ပြလိုက်ပီး တစ်ယောက်က သူ့ကို ကားတံခါးဖွင့်ပေးတော့ သူလည်းဝင်ထိုင်သည်။သူ့အတွင်းရေးမှုကလည်း သူ့အထုတ်တွေကို ကားနောက်ခန်းထားခိုင်းလိုက်ပီး ကားခန်းရှေ့မှာ ထိုင်လိုက်သည်။
"boss၊ စံအိမ်ကိုပဲ သွားမလား၊ အဖိုးအဖွားတို့အိမ်သွားမလား"
"စံအိမ်ကိုပဲ မောင်း"
Josh လည်း အချက်ပြလိုက်ပြီး ကားဟာ တစ်ရွေ့ရွေ့ ရွေ့လျားနေတော့သည်။Alaxကားပြတင်းပေါက်ကနေ မြင်ကွင်းတွေကို ကြည့်နေမိသည်။ ရန်ကုန်မြို့သည် တိုက်ကြီးမိုးမျှော်များဖြင့် ပြည့်နေသော်လည်း လန်ဒန်လောက် မတိုးတက်။ လမ်းပေါ်မှာ လူတွေကလည်း ရှုပ်ဆက်ခတ်လို့။
ဘာပဲဖြစ်ဖြစ် သူ့ဘေဘီလေးက ဒီနိုင်ငံကို ချစ်တော့ သူလည်း လိုက်ချစ်ရမည်လေ...။
YOU ARE READING
Umbrella☂️
Romansaထီးဆိုတာ.. နေပူတဲ့ အခါ အရိပ်ပေးနိုင်သလို မိုးရွာတဲ့ အခါ မိုးမစိုအောင် ကာကွယ်ပေးတဲ့ အရာဝတ္ထုတစ်ခုသက်သက်ပဲလား......။