Chapter 4.2 - The Child's Father is Ji Zhentian

925 179 18
                                    

Unicode

နောက်ဆုံးတော့ ကူယွမ်မှာရှော့ခ်ရလွန်းပြီး ပျော့ခွေကိုကျသွားတော့တယ်၊ စိတ်လွတ်နေတဲ့ ပုံမျိုးနဲ့ ဝိုးတဝါး မပီမပြင်ရေရွတ်လိူ့လာတယ် " Taxiခကိုက ယွမ်120ကျတာ အံ့ဩစရာမရှိတော့ပါဘူး "

တကယ်ကိုဘဲ ဒါက ပုံမှန်ဈေးနှုန်းဖြစ်နေပြီးတော့ သူမ ကိုယ်တိုင်ကသာ ဒရိုင်ဘာကို မှားယွင်းအပြစ်တင်ခဲ့သူပါဘဲ။

ကျီချီစန်းရဲ့ TVအသေးစားလေးထဲကနေ မြင်ရသလောက်အချက်အလက်တွေအရဆိုရင် သူမမှာရှိနေတဲ့ ယွမ်880ဆိုတာက ဟိုတယ်မှာ တညအိပ်ဖို့ရာလောက်ဘဲ ရှိနေတယ်။

တနည်းပြောရရင်တော့ သူမက တကယ်ကို ဘာမှ မရှိတဲ့ လူ့ငမွဲလေးဖြစ်နေ‌ပြီ၊ နောက်တလှမ်းမှာဘဲ သူမ ဘဝကြီးက လမ်းမပေါ်မှာဘဲ အိပ်ရတော့မယ့် အခြေအနေဖြစ်နေပြီ။

ကူယွမ်ရဲ့ အကြည့်က ဘေးနားက အဆင်ပြေလွန်းတဲ့သူမ သားလေးဆီကို ရောက်သွားတယ်၊ ဘယ်သူမဆို တချက်ကြည့်လိုက်တာနဲ့ ဒီ အမျိုးသားက ချမ်းသာမှန်း သိနိုင်တယ်။

ဒီလိုဆိုမှတော့ အရေထူထူနဲ့ သူမ သားရဲ့အိမ်မှာ လိုက်နေရုံအပြင် အခြားဘာလုပ်နိူင်တော့မှာလဲ။

ကူယွမ်က သူမ အစီအစဉ်ကို တွေးမိပြီးတော့ နဂို ဖြူဖွေးနေတဲ့ ပါးပြင်လေးနှစ်ဖက်က နီရဲလို့လာတယ်၊ သူမက သူမရဲ့ အကျီစလေးနှစ်ဖက်ကို တင်းကျပ်နေအောင်ဆုပ်ကိူင်ထားရင်းနဲ့ မသက်မသာ ပြောလိုက်တယ် " ဒါ..ဒါဆိုရင် ငါ...ငါ ...."

သူမ အနေနဲ့ ကလေးတစ်ယောက်ကို တစ်ခါမှ မမွေးဖူးတဲ့ အပြင် ကလေးကို တစ်ခါမှလည်း ပျိုးထောင်ခဲ့ခြင်းမျိုး မရှိလေဘူး၊ ဒီတော့ သူမ ပါးစပ်ကိုဟပြီး အကူအညီ တောင်းခံဖို့ရာ တကယ်ဘဲ တုန့်ဆိုင်းနေမိတယ်။

သူမက ခဏလောက်တုန့်ဆိုင်းနေပြီး နောက်ဆူံးမှာ ပိုက်ဆံအရင် ချေးလိုက်ဖို့ သွားတွေးမိသွားတယ်၊ သူမ သားဆီကနေ ပိုက်ဆံအရင်ချေးပြီး သူမ မှာ ပိုက်ဆံရှိလာတဲ့ အချိန်ကျမှ ပြန်ပေးလိုက်ဖို့ တွေးမိသွားတယ်။

ဒါကိုတွေးမိတာနဲ့ စိတ်တွေလှုပ်ရှားသွားပြီး ‌ေမျှာ်လင့်တကြီးနဲ့ မေးလိုက်တယ် " ချီစန်း မင်းမှာ...."

5 Big Shots kneeled and called me Mom ( Myanmar translation)Where stories live. Discover now