ပထမဆုံးခြေလှမ်း....
မောင့်ဘ၀ထဲကို ကျွန်မကိုယ်တိုင် လိုလိုလားလား
၀င်ရောက်ခဲ့တယ်
အဲ့ချိန်တုန်းက တစ်နေ့မောင့်ဘ၀ထဲကနေ ပြန်ထွက်သွားရမယ် ဆိုတဲ့အချက်ကို ကျွန်မ မေ့လျော့နေခဲ့တယ်
ဘာကြောင့်လဲဆိုတော့ ကျွန်မ ကမောင်နဲ့ဆိုရင်
ကမ္ဘာတစ်လုံးနဲ့ အဆက်သွယ် ပြတ်သွားသလိုမျိုး
ရင်တွေ အဆမတန် ခုန်နေခဲ့တယ်
ပထမဆုံး တွေ့ဆုံခြင်း ကတည်းကပေါ့~~~~
///မနက်ခင်း အလင်းရောင် က ပြတင်း လိုက်ကာ တွေကတဆင့် နွေးထွေးစွာ ဖြာကျလာသည်
ဒီနေ့မှ ထူးထူးဆန်းဆန်း ငှက်ကလေးတွေတွေရဲ့ အော်သံက တန်ဖိုးကြီး သီချင်း တစ်ပုဒ်ကဲ့သို့ တွန်ကြူးနေ သယောင်..
ပုံမှန်ဆို နွေး က ပတ်၀န်းက လှုပ်ရှားမှုတွေကို
အာရုံသိပ်မထားတက်ပေ
နွေး လုပ်စရာရှိတဲ့ အလုပ်ပေါ်တွင်သာ အာရုံစိုက်တက်သည် ဘေးက တခြားသူလာနှုတ်ဆက်လျှင်တောင် ပြန်နှုတ်ဆက်ဖို့ မေ့လျော့နေတက်သည်
နောက်ပြီ နွေးက စကားနည်းသည်
အပေါင်းသင်းလဲနည်းပြီ နွေးရဲ့ ပင်ကိုယ် စရိုက်ကိုက အနေအေးသည်
ဒီလိုနဲ့ နေတာ ကြာလာတော့ တစ်ယောက်တည်း နေရတာကို နေသားကျလာသည်နွေးက တစ်ခြားသူအမြင်မှာတော့ မာနကြီးပြီ
မတူသလိုမတန်သလို ဆက်ဆံသည်ဟု ထင်ကောင်းထင်နိုင်ကြလိမ့်မည်
ဒါဟာလဲ နွေးရဲ့ နေထိုင်မှု ပုံစံကြောင့်သာ ဖြစ်ပါလိမ့်မည်
သူတို့ရဲ့ ထိုသို့ပြောဆိုခြင်းကိုလဲ အပြစ် မမြင်မိပါ
လူတိုင်းလူတိုင်း ဟာ သူတို့ ခံယူချက်နှင့်သူတို့ပင်
ဒါကို ဘေးလူတွေက မှန်သည် မှားသည်ဟု ေ၀ဖန်လို့မရပေ
အရာရာတိုင်း ကသူ့အကြောင်းနှင့်သူပေါ့~~~နွေးက မနက်စာ ကို တစ်ခြားအစားစာတွေ မစားတက်ပေ ကော်ဖီ ခါးခါးတစ်ခွက်ဖြင့်သာ နွေး မနက်ခင်းတိုင်းကို အစပြုလေ့ရှိသည်
ထိုသို့သော အကျင့်က အကျင့်ကောင်း မဟုတ်ပေမဲ့လဲ နွေး ဖျောက်ဖြတ်လို့ မရတော့ချေ
နွေးက အရာတစ်ခုကိုစွဲစွဲမြဲမြဲ စွဲလမ်းသွားလျှင် တော်ရုံ နှင့် ဖြတ်တောက်လို့မရ
ထိုအရာက မကောင်းမှန်း သိပေမယ့်လို့ပေါ့
ဒီလိုနှင့် နွေး အစာအိမ်ရောဂါကိုသာ အပို လက်ဆောင်ရခဲ့သည်ပေါ့
YOU ARE READING
𝐓𝐡𝐞 𝐞𝐧𝐝𝐢𝐧𝐠 𝐰𝐨𝐧'𝐭 𝐞𝐧𝐝(အဆုံးမရှိသော...)<ongoing>
Romanceအချစ်အကြောင်းရေးထားတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ရိုးရိုးရှင်းရှင်းလေးဖြစ်မယ်လို့ ထင်ပါတယ် အထင်ကိုပြောတာပါနော်>•<