𝑷𝒂𝒓𝒕3

16 2 0
                                    

ပထမဆုံး​တွေ့ဆုံမှု

လူတစ်​ယောက်နဲ့တစ်​ယောက် သိကျွမ်းရင်းနှီးကြတယ် အချိန်တစ်ခုထိလဲ ခင်မင်​​နေဆဲ
အဲ့ဒီလူနှစ်​ယောက်ကြားမှာ အမှတ်တရ​တွေ​တော့ရှိမှာပဲ ကျွန်မတို့​တွေက အမှတ်တရတချို့ကိုသာ ​မေ့​မေ့​ပျောက်​ပျောက် ဖြစ်သွားမယ်
ဒါ​ပေမယ့် ပထမဆုံရင်းနှီး ​တွေ့ဆုံချိန်​လေးကို​တော့ အမှတ်ရ​နေကြဦးမယ်ထင်ပါတယ်
ကျွန်မလဲ ​မောင်နဲ့ ပထမဆုံးတွေ့ဆုံချိန်​လေးကို
အမြဲတမ်း​အမှတ်ရ​နေဆဲပါ

ကျွန်မတို့ နှစ်​ယောက်​​ဇာတ်လမ်းရဲ့ အစ​ဇာတ်၀င်ခန်း​လေး​ပေါ့~~~
/_____________________________/

ကျွန်မ ကိုယ်ကျွန်မမိတ်မဆက်​ပေးရ​သေးဘူး
ဆို​​တော့ကား ကျွန်မ နာမည် က ​နွေး​စေ​သော်
အင်း...နာမည်က ​နွေး​ထွေးမှုကို ကိုယ်စားပြု​​ပေမယ့်
ကျွန်မရဲ့ အပြုအမူ​တွေ ကျွန်မ​ပြောပုံဆိုပုံ​တွေက​အေးစက်စက် လူ​အများစုက ​ပြောကြတယ်
များ​သောအားဖြင့် ကျွန်မက မာနကြီးတယ်
​မောက်မာတယ် ဘယ်သူနဲ့မှလဲ အ​ရောတ၀င်မရှိဘူး
အဲ့ထင်မြင်ချက်​တွေက လူ​တွေရဲ့ မ​​ရေမရာ မ​သေချာတဲ့ ထင်မြင်မှု​တွေသာ

အဲ့လိုဆို​ပြန်တော့ ကျွန်မက သူတို့​ပြောသလို မဟုတ်ဘူး ကျွန်မက ​နွေး​ထွေးတယ် လူအများနဲ့လဲအ​ရောတ၀င် ရင်းရင်းနှီးနှီးရှိတယ်
အဲ့ဒီလိုလဲ မဟုတ်​သေးပြန်ဘူး
သူတို့​ပြောတာ တချို့​တ၀က်က သာ မှန်​ကောင်းမှန်လိမ့်မယ် သူတို့​ပြော​နေကြတာက ကျွန်မရဲ့ အပြင် ပုံသဏ္ဌန်ကိုသာ ထင်​ကြေး​ပေး​နေကြတာ
အမှန်တကယ်​တော့ ကျွန်မရဲ့ အားနည်းချက်​တွေကို လူ​တွေမမြင်​အောင် မာ​ကျောတဲ့ဆူး​တွေနဲ့ကာရံထားခဲ့ရတာ ကျွန်မအရမ်းပင်ပန်းပြီမွန်းကြပ်တယ်
​ပြေးထွက်သွားချင်တယ် အဲ့ဒီ​နေရာ
    သူတို့နဲ့​​​ေ၀းရာသို့~~~~
《《《《《《《《《《《》》》》》》》》》

​ကောင်းကင်မှာ တိမ်မဲ​တွေ ဖုံးလွှမ်း​နေတယ်
​လေ​တွေကလဲ တဖြူးဖြူး တိုက်​နေတယ်
ည​နေခင်းလမ်းမကြီးတွင်လရုံး၀န်ထမ်းများ
​​ကျောင်းသူ​ကျောင်းသား​တွေ လက်လုပ်လက်စား
အလုပ်သမားများဖြင့် စည်းကား​နေသည်
ဒီက​နေ့ ည​နေခင်းဟာ အရင်​နေ့​တွေလို ​ရညသီဥတု မကြည်လင်း​နေ​ပေ၊
တိမ်​တောက်​တွေအစား တိမ်မဲများဖြင့် ပြည့်နှက်​နေသည်
မကြာခင်မှာပဲ မိုးစက်များ တ​​ဖျောက်​ဖျောက်
ကျဆင်းလာသည်....

𝐓𝐡𝐞 𝐞𝐧𝐝𝐢𝐧𝐠 𝐰𝐨𝐧'𝐭 𝐞𝐧𝐝(အဆုံးမရှိ​သော...)<ongoing>Where stories live. Discover now