နေညိုညိုဆည်းဆာတို့ဖြင့်ရစ်ပတ်ကာ မှိုင်းမြူတို့ဖြင့်ခြုံလွှမ်းထားသော ညနေခင်း
ထို နေ၀င်အလှ၀င် တယောက်တည်းကြည့်ရသည်မှာ အလွန်၀မ်းနည်းအထီးကျန်ဖွယ် ကောင်းလှတယ်"ဒေါက်ဒေါက်! ဒေါက်ဒေါက်!"
"၀င်ခဲ့"
"မမလေး ကားအဆင်သင့်ဖြစ်ပါပြီ"
"ကောင်းပြီ"
ပြောပြီသည်နှင့် နီညိုရောင် အပြင်၀တ် ကုတ်အင်္ကျီ ယူကာအောက်ဆင်းလာခဲ့တယ်ထို့နောက်
"အထွန်း ညနေစာ အပြင်မှာစားမှာမို့လို့ ဘာမှမပြင်ထားနဲ့လို့ ဒေါ်ကြီးကိုပြောပေးပါ"အထွန်းအပြောကိုမစောင့်ဘဲ လက်ထဲရှိကားသော့ကိုယူကာ ထွက်လာခဲ့တယ်
.
.
.၂နှစ်အကြာမှရန်ကုန်ပြန်လာဖြစ်တဲ့အတွက်
အနည်းအနဲ့အများတော့ လမ်းတွေ မမှတ်မိတော့ချေ။ ဒါပေမဲ့လဲ ကြိုးစားပြီတော့ ထိုနေရာဆီသို့ရောက်အောင်သွားခဲ့သည်မရောက်တာကြာပြီဖြစ်တဲ့အတွက် ထိူနေရာမှာ ရှိနေပါ့ဦမလား ဆိုတဲ့ပူပန်စိတ်နဲ့
ထိုသူရဲ့အငွေ့သက်သက်တွေရှိတဲ့ထိုနေရာလေးမှာ
ပြန်လည်ပြီ လွမ်းဆွေးချင်တယ် ထိုသူနဲ့ပက်သက်တဲ့ အမှတ်တွေနဲ့အတူလမ်းတစ်နေရာအရောက်တော့ ကားရပ်ကာ
ဆင်းလာခဲ့တယ်
လမ်းသွယ်လေးထဲကား၀င်လို့မရသည်ကတစ်ကြောင်း
ထိုလမ်းလေးမှာတူတူသွားလာခဲ့ဖူးတဲ့ အသိစိတ်ကတကြောင်း အကြောင်းအမျိုးမျိုးဖြင့်...𝑫𝒊𝒂𝒓𝒚 𝒐𝒇 𝑪𝒐𝒇𝒇𝒆𝒆 ဆိုတဲ့ သစ်သားဆိုင်းဘုတ်လေးတွေ့မှ စိတ်လုံးလုံး သက်ပြင်းချနိုင်တော့တယ် အခုထိ ရှိနေသေးတာပဲ
နှစ်တွေဘယ်လောက်ကြာကြာ ဆိုင်အပြင်အဆင်က မပြောင်းလဲသွား အရင်တိုင်းပါပဲလား
coffeeနဲ့ သင်းသင်းလေးက ဆိုင်ထဲ၀င်လိုက်သည်နဲ့ တပြိုင်နက် မွှေးပျံ့နေသည်ဆိုင်ရဲ့ထောင့်ဆုံး၀ိုင်းလေးဆီသို့ ခြေလှမ်းတို့က သူ့အလိုလိုသွားမိတယ်
ခုံလေးတွေက တခြားဆိုင်တွေနှင့်မတူ ၂ယောက်
၀ိုင်းလေးတွေ
ချစ်သူတို့အတွက် အကောင်းဆုံး၀န်ဆောင်မှု
တချိန်က တူတူထိုင်ဖူးခဲ့တဲ့ထိုင်ခုံလေးမှာတော့
အခုသူမ တယောက်တည်းကော်ဖီသောက်တိုင်း သူမ အကြိုက်နှင့်တူအောင်
ကော်ဖီမသောက်တက်တဲ့သူက သူမနှင့်လိုက်၍
ကော်ဖီသောက်ပေးတဲ့သူ့ကို သတိရမိတယ်
ခါးသက်သက် ကော်ဖီအရသာကို ကြိုက်တဲ့သူမ
သို့သော် ထိုသူ၏ခါးသက်သော အကြည့်တို့ကို သူမရင်မဆိုင်ရဲပေ။
ထိုအကြည့်တို့ဖြစ်ပေါ်ခဲ့ရသည့်အကြောင်းရင်းမှာ
သူမ ကြောင့်ပင်ဆိုင်အပြင်ပတ်၀န်းကျင်မှာ တဖြည်းဖြည်းမှောင်ရိပ်သန်းလာပြီ ဆိုင်တွင်း မီးရောင်တို့ကမှိန်ပြပြ
ပြန့်လွှင့်လာသော အလွှမ်းတေးသွားတို့က
ကော်ဖီ အရသာခါးခါးတို့ဖြင့်ပေါင်းစက်လိုက်သောအခါ...သူမ ကော်ဖီ ခွက်၂ခွက်ရှေ့မှာထိုင်ရင်း အတွေးတို့လွှင့်ပြန့်နေသည်မှာ ၂နာရီခန့်ရှိပြီ
ဘာကြောင့် သူမ ကော်ဖီ၂ခွက်မှာမိမှန်း သူမ ကိုယ်တိုင်ပင်မသိတော့
သူမ ဘယ်သူ့ကိုစောင့်နေခဲ့တာလဲ
ဘာကြောင့်အဓိပ္ပါယ်မရှိစွာ ထိုင်နေမိတာလဲအချိန်ကြည့်မိတော့ ညနေခြောက်နာရီ
အတွေးတို့ကို ရုတ်သိမ်းကာ သူမ ဆိုင်ပြင်ပြေးထွက်လာခဲ့တယ် ထိုသူ နှင့်အမြဲ ကော်ဖီဆိုင်လာနေကြအချိန်မလား
ထိုသူလာမှာမဖြစ်နိုင်မှန်းသိပေမယ့်
အကယ်၍...တကယ်လို့များ တွေ့ဆုံခဲ့ရင်ရော
ဟင်အင်း သူမ ရင်မဆိုင်ရဲဘူး ဒါ..
ဒါကြောင့် သူမ ပြေးထွက်လာခဲ့မိတယ်
မျက်၀န်း၌မျက်ရည်စတို့က သူ့အလိုလိုရစ်၀ဲလာတယ်
ထိုမျက်ရည်စတို့ကြောင့် ရှေ့ကိုတောင်ကောင်းကောင်းမမြင်နိုင်တော့ပေ။တစ်နေရာအရောက်
သူမ တွေ့လိုက်ရတဲ့ လူတယောက်
ထိုသူရဲ့ မျက်၀န်းတို့က အလွန်တည်ငြိမ်နေသည်
သူမ၏ မျက်၀န်းတို့နောက်အံ့သြမှူတို့ဖြင့်ပြည့်နှက်နေငလောက် ထိုသူကခံစားချက်မဲ့နေတဲ့ လူတယောက်ကဲ့သို့
သူမကိုစိုက်ကြည့်နေတယ်
သူမ မခံနိုင်ဘူး ထိုအကြည့်တွေကို ဒါကြောင့်
သူမ၏ခြေလှမ်းတို့က ရှေ့ဆက်ဖို့တွန့်ဆုံ့နေတယ်
အချိန်တစ်ခုထိ သူမတို့၂ယောက် ထိုနေရာမှာ ရပ်နေခဲ့ကြတယ်ထိုနောက် ထိုသူက သူမ ဘေးကနေ တစ်လှမ်းချင်း ဖြတ်လျှောက်သွားခဲ့တယ်
ထူးဆန်းစွာ ထိုသူဆီကနေ လေစိမ်းများ တိုက်ခတ်နေသလားတောင်ထင်မှတ်ရတယ်
သူတို့၂ယောက်ကြားရှိလေထုက အေးစက်စွာ
သူမ နှလုံးသားကပါ တစ်ခုခုဖြင့်ဆွဲညှစ်သလို နာကျင်လာတယ် သူမထိုနေရာကပင် ထွက်ပြေးသွားချင်နေပြီ
သို့သော် ခန္ဓာကိုယ်က ခွင့်မပြု..ထို့နောက် သူမ နှုတ်က အလိုအလျောက်ထွက်လာမိတဲ့ နာမ်စားလေးက
"မောင်...!!"
........
Ivy💭💭💭
18.12.2021
YOU ARE READING
𝐓𝐡𝐞 𝐞𝐧𝐝𝐢𝐧𝐠 𝐰𝐨𝐧'𝐭 𝐞𝐧𝐝(အဆုံးမရှိသော...)<ongoing>
Romantizmအချစ်အကြောင်းရေးထားတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ရိုးရိုးရှင်းရှင်းလေးဖြစ်မယ်လို့ ထင်ပါတယ် အထင်ကိုပြောတာပါနော်>•<