ဒီအပိုင်းအတွက် သီချင်းလေးတစ်ပုဒ်ပေးရမယ်ဆိုရင်တော့ Powfu and beabadoobeeရဲ့ death bedပါ။
.....................................................................................ကိုကိုက လမ်းထိပ်martကမမကြောင့် သူ့ကိုလက်တွဲခဲ့တာထင်ပါသည်။ ရင်တွေနာရပါတယ်ကိုကိုရယ် နာရပါတယ်။ ကျွန်တော်ကတော့ ကျွန်တော်ရဲ့အချစ်တွေ နောက်ဆုံးမှာတော့ တန်ပြန်သက်ရောက်လာပြီထင်ခဲ့တာ...အမှားကြီးမှားခဲ့ပြီပဲ ကိုကိုရယ်။
ရိပေါ် မင်္ဂလာခန်းမထဲတွင် ဟန်တောင်မဆောင်နိုင်ပဲ ငို၍ပြေးထွက်လာခဲ့သည်။ ရိပေါ် ရင်ထဲတလှပ်လှပ်ဖြစ်ကာ ခေါင်းများမူးပြီး လှဲအိပ်ချင်လာရသည်။ အပြင်ရောက်တော့ လူတစ်ယောက် သူ့အားလာတွဲတာကြောင့်ကြည့်လိုက်တော့ ကိုကိုကျိုးချန်ဖြစ်နေတာကြောင့် ယုံယုံကြည်ကြည်ဖြင့် အရုပ်ကြိုးပြတ်လှဲချလိုက်တော့သည်။
ကျိုးချန် ရိပေါ်ကိုစိတ်မချတာကြောင့် အနောက်မှလိုက်လာခဲ့တာ မှန်သွားသည်။ ရိပေါ်ဟာတစ်ယောက်တည်း ယိုင်နဲ့နဲ့နှင့်ပြေးထွက်လာတာကြောင့် အပြေးအလွှားသွားတွဲလိုက်ရသည်။ သူ့အားမြင်တော့ ရင်ခွင်ထဲလဲကျသွားတဲ့ကောင်ငယ်လေးဟာ နှုတ်ခမ်းများသာမက မျက်နှာတစ်ခုလုံးပါ ဖြူဖျော့လျက်ရှိနေသည်။ ကျိုးချန် အချိန်မဆွဲတော့ပဲ ကားပေါ်သို့ပွေ့တင်ကာ မိသားစုပိုင်ဆေးရုံသို့ မောင်းလာခဲ့လိုက်သည်။
ဆေးပိုက်တွေကြားထဲနစ်မြုပ်နေတဲ့သူ့ညီလေးဟာ တကယ်ကိုသနားစရာကောင်းလှပါသည်။ ငယ်ငယ်ကတည်းက မိခင်ဆိုတာ မသိလိုက်ရအောင် မာမားဟာ ရိပေါ်ကိုမွေးမွေးချင်းပဲ ဆုံးပါးသွားခဲ့သည်။ လမစေ့ပဲမွေးလိုက်ရတဲ့ရိပေါ်မှာ မွေးရာပါthalassemiaရောဂါက ကပ်လာပါခဲ့သည်။ မာမားအသက်ပေးကာမွေးထုတ်ပေူခဲ့တဲ့ဒီကလေးငယ်ကို ပါပါးရောသူကပါ အချစ်တွေပုံအောပေးခဲ့တာတောင်မှ ဒီကလေးလေးက သူ့ကိုယ်သူရောဂါသည်လေးမို့ အားငယ်နေတတ်ပြန်သေးသည်။ ကျန်းမာရေးချူခြာတဲ့ကလေးငယ်ဟာ အချစ်ရေးတွင်ပါ ကံခေရလောက်အောင် ရက်စက်လိုက်တဲ့ကံကြမာရယ်...
'လူနာရှင် ဆရာဝန်ကြီးနဲ့စကားပြောဖို့ ရုံးခန်းထဲကြွခဲ့ပါ'
![](https://img.wattpad.com/cover/294058629-288-k924479.jpg)
YOU ARE READING
It will be okay [𝑐𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑]
FanfictionWhen Thalassemia patient Yibo loved to someone doesn't love him...