ကျွန်တော်ဘဝလေးက ပုံမှန်အတိုင်းပါပဲ အဲ့ဒီလူသား ကျွန်တော့်ဘဝထဲ ဝင်မလာခင်အချိန်အထိပေါ့...
ကျွန်တော်က ဝမ်ရိပေါ်။ မွေးရာပါ သွေးအားနည်းရောဂါ ခံစားနေရတဲ့ လူတစ်ယောက်ပါ။ ရောဂါသည်တစ်ယောက်မို့ တစ်အိမ်လုံးက ကျွန်တော့်ကို ဝိုင်းချစ်ကြတယ်။ အဲ့ဒီလူသားက လွဲပြီးတော့ပေါ့...
**********
[ရိပေါ် အသက် ၁၅နှစ်]
ဒေါက်* ဒေါက်*
'သားငယ် ပါပါးဝင်လာခဲ့မယ်နော်'
ပါပါးဝင်လာတဲ့အချိန်တုန်းက ရိပေါ်ဟာ ကုတင်ဘေးက စာရေးခုံမှာထိုင်ပြီး ပုံဆွဲနေခဲ့တယ်။
'သားငယ် ဒီနေ့နေ့လို့ကောင်းရဲ့လား။ ကြည့်ပါဦး ပုံဆွဲနေတာလား သား။ ပါပါးကို ပြပါဦး'
ရိပေါ်ဆွဲထားတဲ့ပုံလေးက ပန်းခြံတစ်ခုမှာ ကလေးတွေ ပြေးလွှားကစားနေကြတဲ့ပုံဖြစ်တယ်။ ပြေးလွှားနေကြတဲ့ကလေးတွေရဲ့ မျက်နှာနေရာမှာ မည်သည်ကိုမှ ရေးဆွဲထားခြင်းမရှိပေ။ ဘယ်သူ့မျက်နှာကို ဆွဲရမလဲဆိုတာ ရိပေါ်မသိတာလည်း ဖြစ်နိုင်သည်။ ပန်းခြံထဲ ကလေးတွေပြေးလွှားနေတဲ့မြင်ကွင်းဟာ ရိပေါ် TVကြည့်ရင်း မြင်ဖူးတာဖြစ်နိုင်ပြီး မျက်နှာမပါခြင်းကတော့ ရိပေါ်မှာ သူငယ်ချင်းမရှိတာကြောင့် ဖြစ်နိုင်သည်။
ပုံကိုကြည့်ရင်း ပါပါးက သက်ပြင်းချလိုက်တာကို ရိပေါ်သတိထားမိသည်။ ပါပါးလည်း ရိပေါ်ကြောင့် စိတ်ဖိစီးနေမှာ သေချာသည်။ သို့ပေမယ့် ကိုကိုကျိုးချန်ရှိနေသေးတာကြောင့် ပါပါးမှာ ညာလက်ရုံးသားတစ်ယောက်တော့ ကျန်ရှိနေသေးပါသည်။ ရိပေါ်က ပါပါးရဲ့ ဘယ်လက်ရုံးလေး ဖြစ်ချင်ပေမယ့် ကျန်းမာရေးခြူချာတဲ့ ရိပေါ်ဟာ စိတ်အနောက်ကို ခန္ဓာကိုယ်က မလိုက်နိုင်ပါ။
'ပါပါးရဲ့ သားငယ်လေးက တော်လိုက်တာ။ အရမ်းလည်း အာရုံမစိုက်နဲ့ဦးနော်။ နားနားပြီးဆွဲ နားလည်လား'
'ဟုတ် ပါပါး'
'သားငယ်ဆွဲထားတဲ့ပုံလေးက လက်ရာမြောက်လွန်းတော့ လာရင်းအကြောင်းကိုတောင် မေ့နေတယ်ကွာ ဟားဟား။ သားငယ်အတွက် ကိုကိုတစ်ယောက်ကို ခေါ်ထားပေးတယ်။ အဲ့ကိုကိုကပဲ ပါပါးတို့မရှိတဲ့အချိန်တွေဆို သားငယ်ကို စောင့်ရှောက်ပေးရင်း ကျောင်းစာတွေမှာပါ လိုက်ကူပေးလိမ့်မယ်။'
YOU ARE READING
It will be okay [𝑐𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑]
FanficWhen Thalassemia patient Yibo loved to someone doesn't love him...