Chapter - 12

1.3K 170 78
                                    

[Unicode]

မြတ်နိုးခြင်းများကို ရေးချလို့သီလျှင် နူးညံ့လှပသော အညိုရောင်ပန်းကုံးလေးတစ်ခုရနိုင်ပါရဲ့။

ပုံပြင်ဆန်စွာ ကိုယ့်ဘဝထဲ ဝင်လာတဲ့မင်းလေးကို မသိကျိုးကျွံပြုနိုင်သည်အထိ ကိုယ့်နှလုံးသားက မမာနိုင်ခဲ့ဘူး။

မိုးရွာချပြီးလို့ တမြေ့မြေ့ထင်ကျန်နေခဲ့တဲ့ မြေသင်းနံ့လေးလို မင်းရဲ့ရနံ့က ကိုယ့်ရဲ့တစ်ကမ္ဘာလုံးကို လွှမ်းခြုံသင်းပျံ့စေတယ်။ နောက်ဆက်တွဲ ပေါ်ပေါက်လာခဲ့တဲ့ ခုနစ်ရောင်ခြယ်သက်တန့်ကလေးကတော့ မင်းရဲ့အပြုံးတွေလို ကိုယ့်ကမ္ဘာကို လှပစေတာပေါ့။

မင်းမျက်ဝန်းထဲက ဂလက်ဆီကြယ်တန်းလေးကို ကိုယ်က တယုတယပျိုးထောင်ပေးချင်ခဲ့တာ။

မင်းရဲ့နှုတ်က ထွက်သမျှ စကားတိုင်းအတွက် ဆုတောင်းပြည့်ငှက်ငယ်လေးတစ်ကောင်လည်း ကိုယ်က ဖြစ်ချင်မိသေးရဲ့။

သကြားလုံးလေးလို ချိုမြလှတဲ့ မင်းနှုတ်ခမ်းလေးတွေကို ကိုယ်သိပ်ကြိုက်တဲ့ ပန်းချီကားလေးလိုမျိုး ထာဝရငေးကြည့်နေချင်မိတာ ကိုယ့်ရဲ့ သေးငယ်လှတဲ့ ဆန္ဒလေးတစ်ခုပါပဲ။

မင်းမသိခဲ့တဲ့ အမှန်တရားတစ်ခုက ကိုယ်က မင်းအတွက်တော့ အေးချမ်းတဲ့နွေဦးရာသီရဲ့ မက်မွန်ပွင့်လေးလို ဖြစ်တည်မှုမျိုးပေါ့။

ကိုယ်ဆိုတာ မင်းရဲ့အချစ်မှာ ကျရှုံးခဲ့တဲ့ အချစ်ရဲ့အကျဉ်းသားတစ်ယောက်ဖြစ်ခဲ့တာပါ။

မင်းသိလား ဂျွန်။ ပန်းနုရောင်မက်မွန်ပွင့်လေးတွေက ဒီလိုပြောနေကြသတဲ့။

ကိုယ်က မင်းရဲ့ ထာဝရလူပါ  ဂျွန် ...

.  .  .

" ဂျောင် ဂု ... ဂျွန်ဂျောင်ဂု "

ဂျီမင်းသည် သတိမကပ်တော့သည့် ဂျောင်ဂုကို လှုပ်နှိုးနေခဲ့သည်။ ဂျောင်ဂု၏ နှာခေါင်းအပေါက်နားလည်း လက်ညှိုးလေးထား၍ အသက်ရှူမရှူစမ်းသက်သေး၏။ ကံကောင်းထောက်မစွာဖြင့် ဂျောင်ဂုသည် အသက်ရှူနေပါသေးသည်။

" ဘာလို့ အဲ့လောက်တောင် အေးစက်နေရတာလဲ "

ဂျောင်ဂု၏ပါးပြင်နှင့် နဖူးပြင်များကို စမ်းသပ်ပြီးနောက် ဂျီမင်းသည် နားမလည်နိုင်ဖြစ်သွားရသည်။ အဖျားရှိနေ၍ မေ့လဲတယ်ဟု သူ ထင်သွားခဲ့ပေမယ့် အေးစက်စက်ဂျောင်ဂုရဲ့ ခန္ဓာကိုယ်ကြောင့် စိုးရိမ်စိတ်များ ဆောင့်တက်လာတော့၏။

FALLING [ Completed ]Where stories live. Discover now