Chapter - 20 [ Finale ]

3.7K 216 148
                                    

[Unicode]

နေ့ရက်တွေ အလီလီကူးပြောင်းလာသည်နှင့်အမျှ သံယောဇဉ်တွေပိုရစ်တွယ်မိကြသည်။ မနက်ခင်းအအေးဓာတ်တွေကို အချစ်၏နွေးထွေးမှုဖြင့် တိုက်ဖျက်မည်။ ညနေဘက်တွင် ခြံထဲ အတူတူလမ်းဆင်းလျှောက်မည်။ ကို,ပြောပြသည့် အိပ်ရာဝင်ပုံပြင်တွေကို နားထောင်ပြီး သုညနာရီကို ဖြတ်သန်းမည်။

နေသာသည့်နေ့လယ်ခင်းများတွင် မိုးမခပင်ကြီးအောက်က ခုံတန်းလေးမှာ အတူထိုင်ကာ ဦးတည်ချက်ရယ်လို့ ရေရေရာရာမရှိ စကားပြောဆိုကြမည်။ တစ်ယောက်သောက်ရမည့်ဆေးလုံးတွေကို တစ်ယောက်ကရေတွက်ပေးရင်း ဆေးသောက်ချိန်တွင် အနားမှာရှိပေးမည်။

အိပ်ရာမဝင်ခင် ရုပ်ရှင်အတူကြည့်မည်။ ဝမ်းနည်းဖွယ်ဇာတ်သိမ်းနှင့် ကြုံသည့်အခါ တစ်ခါတစ်ရံ သူက ငိုတတ်သလို ၊ တစ်ခါတစ်ရံတွင် ကို,က ငိုလာတတ်၍ သူနှစ်သိမ့်ပေးရသည်။ ရုပ်ရှင်အတူကြည့်ပြီး သောက်ရတဲ့ ဘီယာကတော့ ဘယ်အရသာနဲ့မှ နှိုင်းယှဉ်မရဘူးပေါ့။

မနက်စာကို ဖြစ်သလိုစားသည်။ နေ့လယ်စာကို အတူချက်ပြုတ်ကြသည်။ တစ်ရေးတစ်မောအိပ်ရမည့်အချိန်မှာ စာအုပ်အတူဖတ်ကြသည်။ ကို,က စာဖတ်တာ သိပ်မြန်၍ စာဖတ်နှေးသည့် သူ,ဖတ်ပြီးတာကို စောင့်ရင်း အိပ်ပျော်သွားတတ်၏။ အိပ်ပျော်သွားတတ်သည့် ကို့,ကို ငေးကြည့်နေရတဲ့အချိန်ကတော့ သူ့ရဲ့တစ်နေ့တာအတွက် ဗီတာမင်သောက်ရတဲ့အချိန်ပဲပေါ့။

တစ်ပတ်တစ်ခါ၌ စနေနေ့များတွင် ဦးလေးမင်သည် အိမ်ကိုရောက်လာကာ အိမ်သန့်ရှင်းရေးဝိုင်းလုပ်ပေးတတ်သည်။ ဦးလေးမင်နှင့်သူကတော့ အရင်ဘဝက ဘာရန်ငြိုးတွေများ ရှိခဲ့သည်မသိ။ မျက်နှာချင်းဆိုင်သည်နှင့် တကျက်ကျက်ပါပဲ။

ဦးလေးမင်ကိုတော့ ကလေးနှင့်အပြိုင် ရန်ဖြစ်တယ်ဆိုပြီး ကို,က အမြဲပြောတတ်၏။ သူ့,ကို ကလေးလို့ ကို,က ဆိုတဲ့အခါ သူ,ကတော့ ဦးလေးမင်အား အောင်နိုင်သူအပြုံးကြီးဖြင့် ပြန်ကြည့်နေတတ်စမြဲ။

မင်းတို့အိမ်ကို ဘယ်တော့မှ မလာတော့ဘူးလို့ စိတ်ဆိုးမာန်ဆိုးပြောတတ်တဲ့ ဦးလေးမင်သည် စနေနေ့ဆိုရင်တော့ အချိန်အတိအကျရောက်လာစမြဲပင်။ သူတို့လက်ထပ်ပြီး သုံးလပြည့်တဲ့နေ့မှာ စီနီယာဂျီမင်း၊ ချာအွန်းဝူ၊ ဟိုယွန်း နှင့် အစ်မအင်ဟာအပြင် ဦးလေးမင်တို့ အိမ်ကိုလာပြီး ဝိုင်းဖွဲ့စားသောက်ကြသေးသည်။

FALLING [ Completed ]Where stories live. Discover now