Chapter - 13.1

1.3K 152 65
                                    

[Unicode]

ဒီ chapter မစခင်မှာ အရင်ဆုံးပြောချင်တာ Chapter 13 တစ်ခုလုံးက Taehyung ရဲ့ အကြောင်းတွေပါပဲ။ ဂျွန် က ကို့,ကို မသိခဲ့ခင်တည်းက အကြောင်းတွေပါ ပါမှာမို့ အတော်လေးရှည်ပါတယ်။ အဲ့ဒါကြောင့် နှစ်ပိုင်းခွဲလိုက်တာပါ။

သေချာလေးဖတ်ပေးမယ်ဆိုရင်တော့ ကျေးဇူးတင်ပါတယ်ဗျ။ ကဲ! ဒါဆို စလိုက်ရအောင်လား ...

.  .  .

Song Suggestion : Christmas Tree

.  .  .

ဆောင်းလေပြေလေးက တဝှေ့ဝှေ့။

သစ်ရွက်နီလေးတွေ လမ်းမထက် တလွင့်လွင့် ကြွေလွင့်လို့။ နှင်းမှုန်ဆိုသည် မြေပြင်ပေါ်မခစားသေးပေမယ့် ဆောင်းရာသီသည် အေးသင့်သည်ထက် ပို၍ အေးလို့နေပြီ။

ဆိုးလ်မြို့တစ်နေရာ၏ မူကြိုကျောင်းလေးအတွင်းတွင်ဖြစ်၏။ ကျောင်းတာဝံခန်ဆရာ၏ ရုံးခန်း၌ဖြစ်သည်။

" ထယ်ဟျောင်းလေး သား ဒီလိုဆက်ပြီးညာနေမယ်ဆိုရင် သားရဲ့အမေကို ဆရာတို့ ခေါ်ရလိမ့်မယ်နော် "

အနွေးထည်အနီရောင်လေးနှင့် ခပ်ကုပ်ကုပ်လေးထိုင်နေသော ငါးနှစ်အရွယ်ထယ်ဟျောင်းလေးသည် ဘာစကားတစ်ခွန်းမှမဆိုဘဲ ငြိမ်သက်နေ၏။ သူနှင့်မျက်နှာချင်းဆိုင်တွင် ငိုယိုနေသော ကလေးတစ်ယောက်နှင့် ကလေး၏အမေဖြစ်သူသည် ကလေးအားချော့မြူလျက်ရှိသည်။

" သား မလုပ်ပါဘူးဆို "

" ထပ်ပြီး ညာပြန်ပြီ။ ငါ့သားက နင်လုပ်တယ်လို့ ပြောနေတယ်မလား ကလေးစုတ် "

ပျက်စီးသွားသော ဝက်ဝံအရုပ်လေးကို ထောင်ကာပြလျက် ထယ်ဟျောင်းလေးအား လက်ညှိုးတထိုးထိုးနှင့် ပြောနေပါသော ကလေးအမေသည် ပြဿနာအား သေချာသိဖို့မကြိုးစားကာ ကလေးစကားတစ်ခွန်းသာယုံလျက် တစ်ဖက်သားကို အပြစ်ဖို့ချနေခဲ့သည်။

ထယ်ဟျောင်းလေးမှာတော့ ခန္ဓာကိုယ်လေးကို ကျုံ့သထက်ကျုံ့ကာ ခေါင်းလေးကိုလည်း ငုံ့သထက်ငုံ့လို့ထား၏။

FALLING [ Completed ]Where stories live. Discover now