Ending💔

502 22 1
                                    

"ညီ.. ကိုယ်တို့လမ်းခွဲရအောင်"

အကို့နှုတ်က ထွက်လာခဲ့ပြီပဲ။ ကျွန်တော်မကြားချင်ဆုံးစကားလုံး ကျွန်တော်အမုန်းဆုံးစကားလုံး..

"ဘာလို့လဲ အကို."

"အင်း......ကိုယ်တို့ရှေ့ဆက်ဖို့ မဖြစ်နိုင်တော့လို့ပါ"

သက်ပြင်းအရှည်ကြီးချပြီးမှ ပြောလာတဲ့ စကားက ရှေ့ဆက်ဖို့မဖြစ်နိုင်လို့တဲ့လား အကိုရယ်..။

"အဟင်း... အကို ကျွန်တော်တို့ရဲ့ ချစ်လာခဲ့ကြတာ 4 နှစ်ပြည့်ခဲ့ပြီနော်..အကိုမှတ်မိသေးလား ကျွန်တော်တို့ မတွဲခဲ့သေးခင် အကို့ကိုပြောခဲ့တဲ့ စကားတစ်ခွန်းလေ... ဆက်ဆံရေးတစ်ခုကို အဆုံးထိတာ၀န်မယူနိုင်ရင် မစတင်သင့်ဘူးလို့.."

"ညီ.. မင်းဘာလို့ ဒီစကားတွေအခုမှလာပြောနေရတာလဲ"

အကိုမေးတဲ့စကားတွေကို မကြားချင်ယောင်ဆောင်ရင်း ကျွန်တော်ပြောချင်တာသာ ဆက်ပြောနေမိတယ်..။

"ကျွန်တော် ဘာလို့ အဲ့စကားကိုပြောခဲ့လဲ အကိုသိလား... ကျွန်တော်နဲ့အကိုမတွေ့ခင် လွန်ခဲ့တဲ့ 4နှစ်တုန်းကလေ ကျွန်တော်အလုပ်က ပြန်လာတဲ့လမ်းမှာ ကျွန်တော်ခွေးလေးတစ်ကောင်ကို တွေ့ခဲ့တယ် ခွေးလေးက အစားမရတာကြာပြီထင်ပါရဲ့ အရိုးတောင်ပေါ်နေပြီသိလား...အဲ့တာနဲ့ ကျွန်တော်အဲ့ခွေးလေးကို ခေါ်ထားပြီး မွေးခဲ့တယ်
သူ့ကိုကျွန်တော်က Jack လို့ခေါ်တယ် တဖြည်းဖြည်းနဲ့ Jackလေးက ပြန်၀လာတယ်..အားတွေလဲရှိလာတယ် ကျွန်တော်နဲ့လဲ သံယောဇဥ်တွေတွယ်လာတယ်..တစ်ရက်ကျတော့ ကျွန်တော့်အိမ်ပိုင်ရှင်ရောက်လာတယ် အိမ်မှာ ခွေးမထားရဘူးတဲ့ သွားပြစ်လိုက်တဲ့ မဟုတ်ရင် အိမ်ပြောင်းပေးတဲ့...ကျွန်တော်ဘယ်လိုဆက်လုပ်ရမလဲ အကိုရယ်... နောက်ဆုံး ကျွန်တော် သူ့ကို ပြန်လွှတ်ပေးခဲ့ရတယ်...ဒါပေမယ့် သူထွက်မသွားဘူး အကို...ကျွန်တော်နားမှာပဲနေတယ် ..ကျွန်တော်အလုပ်သွားရင် လိုက်ပို့တယ် ကျွန်တော် အလုပ်ကပြန်လာရင် ပြန်လိုက်လာတယ်...တစ်ရက်ကျတော့ ကျွန်တော် အလုပ်နောက်ကျနေလို့ အမြန်သွားနေရတဲ့အချိန် ကားတစ်စီးက ကျွန်တော့်ကိုတိုက်မိမလိုဖြစ်သွားတယ် ဒါပေမယ့် ကျွန်တော့်ကိုမတိုက်မိခဲ့ဘူး...ဘယ်သူ့ကိုတိုက်မိသွားတယ်လို့ အကိုထင်လဲ..အင်..ဟုတ်တာပေါ့ ကျွန်တော်မွေးခဲ့ဖူးတဲ့ Jack ပဲပေါ့...အကို စဥ်းစားကြည့်စမ်းပါ တကယ်ဆို ကျွန်တော်က သူ့ကိုမွေးခဲ့ဖူးတယ် ဒါပေမယ့် အဆုံးထိ ကျွန်တော်တာ၀န်မယူခဲ့ဘူးလေ..ဒါပေမယ့် သူကျွန်တော့်ကို သံယောဇဥ်တွယ်သွားခဲ့တယ်.. သူ့ကျေးဇူးရှင်အဖြစ် သတ်မှတ်ခဲ့တယ်...တကယ်လို့ ကျွန်တော်သာ သူ့ကိုမလွှတ်ပေးခဲ့ဘူးဆိုရင် သူအခုထိရှိနေဦးမှာ..အဲ့အချိန်မှာ ကျွန်တော်သိလိုက်တာက အဆုံးထိတာ၀န်မယူနိုင်တဲ့ ဆက်ဆံရေးကို မစတင်သင့်ဘူးဆိုတာပဲ..."

𝙾𝚗𝚎 𝚂𝚑𝚘𝚛𝚝 𝚌𝚘𝚕𝚕𝚎𝚌𝚝𝚒𝚘𝚗🤍Where stories live. Discover now