တေးဖွဲ့သီတဲ့ နှလုံးသား

232 16 1
                                    

UNICODE

တေးဖွဲ့သီတဲ့ နှလုံးသား

.
.
.
.
.

ခပ်ဖွဲဖွဲကျဆင်းနေတဲ့ မိုးစက်တွေကြား ထီးကိုထိန်းကိုင်လို့ သော်တာ ခပ်မြန်မြန်လျှောက်နေလိုက်သည် ။
တစ်ဖက်က ထီး ၊ တစ်ဖက်က ဖုန်းမီးနဲ့မို့ လမ်းကို ဂရုတစိုက် လျှောက်နေရသည် ။

ဒီနေ့မှ OT ဆင်းနေတာမို့ အချိန်က လင့်နေပြီ ။
11 နာရီဆိုသည့် အချိန်က မြို့လည်ခေါင်မှာ မသိသာပေမယ့် သော်တာတို့လို ဆင်းရဲသားရပ်ကွက်ဘက်တွေမှာက သိပ်နောက်ကျလွန်းသည် ။

အထူးသဖြင့် သော်တာလို့ အနည်းငယ် မိန်းမဆန်စွာ လှပသည့် ကောင်ငယ်လေးအတွက်က အန္တရယ် အများဆုံးအချိန်လို့တောင် ပြောလို့ရသည် ။

လျှောက်လာရင်း သော်တာ့အိမ်ရောက်ခါနီးနားလေး၌ နာကျင်စွာ ညည်းညူနေသည့် အသံတစ်ခုက သော်တာ့နားထဲ ခပ်သဲ့သဲ့၀င်ရောက်လာသည် ။

" အင်း... အာ့ .. "

* ဘာအသံပါလိမ့် .... *

ကြောက်စိတ်ကိုဖျောက်လို့ ထီးကို ပိတ်လိုက်ပြီး ဖုန်းကို သေချာကိုင်ကာ အသံလာရာသို့ တိုးကပ်သွားလိုက်သည် ။

မြေပြင်ပေါ်သို့ မှောက်ရက်လဲနေတဲ့ လူတစ်ယောက် ။

ဘာ... ဘာကြီးလဲဟ ။ အသက်ရော ရှိသေးလား မသိဘူး ... ။

ကြောက်စိတ်နဲ့ သနားစိတ် လွန်ဆွဲမှုမှာ အဆုံးသတ်နေကြအတိုင်း သနားစိတ်က အနိုင်ရလိုက်ပြန်သည် ။

မှောက်ရက်ဖြစ်နေတဲ့ ထိုလူကို ပက်လက်ဆွဲလှန်လိုက်တော့ ဖုန်းမီးရောင်အောက်၀ယ် ချောသန့်နေတဲ့ ထိုလူ့မျက်နှာပြင်က လင်းထင်းစွာ ။

နှာထမှုကို နောက်ထားလို့ ထိုလူ့ကို ဦးခေါင်းကနေ ထိန်းပွေ့လိုက်တော့ စိုစိစိအရာတစ်ချို့ကြောင့် ဦးခေါင်းကို ပြန်ချကာ မီးနဲ့သေချာထိုးကြည့်လိုက်မိသည် ။

နီရဲနေတဲ့ သွေးတစ်ချို့က သော်တာ့လက်မှာ စွန်းထင်းလျက် ။

လျင်မြန်စွာပင် အမြဲလိုလို အပိုဆောင်ထားတတ်တဲ့ အင်္ကျီကို အိတ်ထဲက ထုတ်လိုက်ပြီး ထိုလူ့ ဦးခေါင်းကို စည်းပေးလိုက်သည် ။

Has llegado al final de las partes publicadas.

⏰ Última actualización: Jan 14, 2023 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

𝙾𝚗𝚎 𝚂𝚑𝚘𝚛𝚝 𝚌𝚘𝚕𝚕𝚎𝚌𝚝𝚒𝚘𝚗🤍Donde viven las historias. Descúbrelo ahora