Choice

1K 29 0
                                    

"Baby..Will you marry me?"

"Yes! Yes, l do.."

မျက်ရည်တွေနဲ့ ခေါင်းကို အဆက်မပြတ်ငြိမ့်နေတဲ့ ထိုကောင်လေး ဘယ်လောက်ပျော်နေလဲဆိုတာ ​မြင်ရုံနဲ့တင် ခံစားမိစေသည်။

ပန်းခြံထဲက ထိုင်ခုံပေါ်ထိုင်လိုက်ပြီး ထိုအနှီလူသားလေးကို ရင်ခွင်ထဲ ထွေးပွေ့ထားလိုက်သည်။ ချစ်သူသက်တမ်း 3 နှစ်ပြည့်ပြီးတဲ့နောက်မှာတော့ သူထိုလူသားလေးကို သူ့ဘ၀လက်တွဲဖော်အဖြစ် ခေါ်ဆောင်နိုင်ဖို့ ခြေတစ်လှမ်းစတင်လိုက်ပြီ။

"ကိုယ်တို့ကို တွေ့ဆုံခွင့်ပေးတဲ့ ကံကြမ္မာကို ကျေးဇူးတင်လိုက်ရတာ ကောင်လေးရာ.."

"ဟင်းဟင်း.."

ကောင်လေးက တိုးတိုးလေးရယ်တော့ ကျွန်တော်အလိုမကျစွာ မျက်မှောင်ကျုံ့ကြည့်လိုက်မိသည်။ ထိုအခါမှ ကောင်လေးက ကျွန်တော့် မျက်ခုံးတွေကို လက်ညှိုးနဲ့လက်မသုံးပြီး ဖြေလျော့ပေးပြီး တိုးတိုးလေးဆိုလာသည်။

"အကိုပြောတဲ့ ကံကြမ္မာကို ဖန်တီးရတာ သိပ်တော့မလွယ်ကူဘူး" တဲ့လေ..

ထိုစကားကို နားမလည်စွာ ပြန်မေးမိတော့..အဖြေတချို့ကို ပြန်ဖြေလာသည်။

"ကျွန်တော် လွန်ခဲ့တဲ့ 4နှစ်က Blue sky cafe ဆိုတဲ့ ဆိုင်လေးမှာ လူတစ်ယောက်ကို စပြီး သတိထားမိခဲ့တယ်..သူက သိပ်ကို လူကြီးလူကောင်းဆန်တာပဲ သိလား.."

ကိုယ့်အရှေ့မှာ တခြားသူကို ချီးကျူးနေတဲ့ကောင်လေးကို အလိုမကျစွာ ကြည့်မိတော့ အပြုံးချိုချိုလေး​ပေးပြီး...

"ကျွန်တော်ပြောတာ အဆုံးထိနားထောင်ပါဦးလား အကိုရယ်.."တဲ့ပြီးမှ ဆက်ပြောလာသည်။

"သူက Americano သောက်ရတာ သိပ်ကြိုက်တယ် shirt နဲ့ style pants ၀တ်ရတာ သဘောကျတယ်..တည်တည်ငြိမ်ငြိမ်နဲ့ လူကြီးလူကောင်းဆန်လွန်းတယ်..ကျွန်တော်သူ့ကို စွဲလမ်းသွားတာ ကျွန်တော့်အမှား မဟုတ်ဘူးမလား.. သူ့ကို ကျွန်တော် အမြဲတမ်းလိုလို blue sky မှာ တွေ့ဖြစ်တယ်လေ..
Capuuccino ကြိုက်တဲ့ ကျွန်တော့်အတွက် သူကြိုက်တဲ့ Americano ကို သောက်ဖို့ကြိုးစားရတာ သိပ်တော့မလွယ်ကူခဲ့ဘူး..Hoodies တွေ၀တ်ရတာ ကြိုက်တဲ့ကျွန်တော့်အတွက် သူနဲ့လိုက်ဖက်ဖို့ ပြုပြင်ပြောင်းလဲရတာ သိပ်မလွယ်ကူခဲ့ဘူး..3 လလောက်ကြာပြီးမှ သူနဲ့ပတ်သက်တဲ့ အကြောင်းအရာ တော်တော်များများကို သိလာတာ...သူက social media သိပ်မသုံးဘူး ကျွန်တော် သူနဲ့ခင်မင်အောင် အတော်ကြိုးစားလိုက်ရတယ်...ကျွန်တော်တို့ ခင်လာတာ 9 လလောက်အကြာရောက်တော့ သူကျွန်တော့်ကို propose လုပ်ခဲ့တယ်လေ..ဟီးဟီး"

𝙾𝚗𝚎 𝚂𝚑𝚘𝚛𝚝 𝚌𝚘𝚕𝚕𝚎𝚌𝚝𝚒𝚘𝚗🤍Donde viven las historias. Descúbrelo ahora