{Unicode }ဖန်းစစ်သူကြီး ဆီကို သူ့ရဲ့ တတိယ ညီက လျှို့ဝှက်စာ ပို့ဆောင်ခဲ့လေတယ်။ ထိုစာထဲမှာ မြောက်ပိုင်း နယ်စပ်ကို ဘေးက နိုင်ငံတွေက ကျူးကျော်မယ် ဆိုတာကို ရေးထားတာကြောင့် ဧကရာဇ်ကို လျှောက်တင်ကာ အပြင်းချီတက်ခဲ့လေတယ်။
တတိယ ညီတော်ဟာ သူ့ရဲ့ ဇနီး ဖြစ်သူ မင်းသမီး ရှုကို တစ်ပါတည်း ခေါ်သွားကာ သူမလေး က သူ့ဆီကနေ လွတ်မြောက် ချင်နေမှန်း သိလေတော့ အခွင့်အရေး ပေးခဲ့လေတယ်။
သူမလေး စိတ်ချမ်းသာအောင် ကွာရှင်းဖို့ လုပ်ပေးရင်လည်း သူမရဲ့ အကိုတော် ဖြစ်တဲ့ ဧကရာဇ် ကို အပြစ်ပြုမိမယ့် အပြင် သူမလေးရဲ့ ဂုဏ်သိက္ခာကို ပါ ညှိုးနွမ်းစေမှာ ဆိုးတာကြောင့် သူမရဲ့ အစီအစဥ် တွေကို သိပေမယ့် အလိုလိုက် ဖို့မသိချင်ယောင် သာဆောင်ခဲ့လေတယ်။
ဒါပေမယ့် သူမသိတာက တစ်ဘက်နိုင်ငံက မှန်းထားတာထက် တစ်ရက်စောပြီး ကျူးကျော်လာခဲ့မယ် ဆိုတာကိုပဲ။ တစ်ဖက်က တပ်တွေ ချီတက်လာပြီ ဆိုတာကို သိလိုက်ရ တော့ သူ့ရဲ့ ဇနီးသည်ကို အန္တရာယ် ဖြစ်မှာ စိုးလို့ သူ့ရဲ့ အတော်ဆုံး အစောင့်တွေကို ထားပေးခဲ့တယ်။
သူ့အနေနဲ့ တစ်သက်လုံး မကိုင်ခဲ့ရတဲ့ ဓားရှည်ကို ကိုင်ကာ ကျူးကျော်လာသူ တွေကို တိုက်ဖို့ပြင်တဲ့ နေတဲ့အချိန် သူ့ရဲ့ ဇနီးနား ပို့ထားတဲ့ သက်တော်စောင့် က သခင်မ ထွက်သွား ပါပြီ ဆိုပြီး တင်ပြခဲ့လေတယ်။
သူ့နှလုံးသား တွေအောင့်တက်လာတယ်။
နာလိုက်တာ......
သူ့ဇနီးလေး ပျော်ဖို့ ဆို ဘာမဆို သူကျေကျေနပ်နပ်ကြီး ပေးဆပ်ပစ်မှာပါ။ ဒါပေမယ့် နှလုံးသားက အလိုက်ကန်းဆိုး မသိနာနေတယ်။
ငယ်ငယ်လေး ကတည်းက ကျန်းမာ ရေးချို့တဲ့ နေတဲ့ သခင်ငယ်လေး အဖို့ ထိုခံစားချက်က ကောင်းကောင်း ကြီးဒုက္ခ ပေးခဲ့နိုင်တယ်။
အခုဆို သူ့မှာ ချစ်ရတဲ့ ဇနီးက ထွက်ပြေးသွားခဲ့ပြီ။ အကြောင်း အရင်း က သူဟာ လူပျော့ တစ်ယောက် ဖြစ်လို့ ပါတဲ့လေ။ ဘယ်သူကများ ပျော့ညံ့ပြီး ကျန်းမာရေး မကောင်း တဲ့ ကိုယ်ကို ရချင်ခဲ့လို့လဲ။ ဘယ်သူကများ ဒီလိုမွေးဖွားလာမှုကို ရွေးချယ် ခွင့်ရမှာတဲ့လဲ။
YOU ARE READING
COMPLETE မင်းပဲကိုယ့်ကို နားလည်တယ် ဇနီးလေး
Historical Fictionဒါက ခရစ်စမတ် လက်ဆောင်အဖြစ်ပေးမယ့် အတိုလေး တစ်ပုဒ် ပါ ဒီနေ့ ၂၃ရက်ကနေ စရေးပြီးတော့ ၂၄ ရက်နေ့ အပြီးသတ်ပေးမယ့် ဝတ္ထုတိုလေးပါနော်။ တတိယမြောက် ကိုယ်ပိုင်ဖန်တီးသည်ပေါ့။ ဟုတ်ကဲ့ BXG ပါ ဒါပေမယ့် ဖက်လို့နောင်တ မရစေရပါဘူးနော်။ ဆိုတော့ စလိုက်ကြရအောင်....။