[Unicode]
ကြီးကျယ် ခမ်းနားလှတဲ့ လူခြောက်ယောက်သယ်ရတဲ့ မဂ်လာ ဝေါယာဥ်ပေါ်မှာ ဧကရာဇ်ရဲ့ ညီမတော် တော်ဝင်မင်သမီး ရှု ဘွဲ့ရ ထားတဲ့ အမျိုးသမီး လေးဟာ အလှပဆုံးသော ပိုးဖဲ တန်ဆာတွေ ဆင်ယင်ပြီးတော့ အကောင်းမွန်ဆုံး ကျောက်မြတ်တွေ ကို ဆင်မြန်းရင်း သတို့သား အိမ်ကို ခေါ်ဆောင်လာခံရတယ်။
တော်ဝင်နန်းတော် နဲ့ သတို့သား အိမ်တော်ဖြစ်တဲ့ ဖန်း စစ်သူကြီး အိမ်တော်က တောင်နဲ့ မြောက်လို တည်ရှိနေတာကြောင့် မဂ်လာယဥ်တန်း ကြီးက မြို့လယ်ကို ဖြတ်ပြီးတော့ မဂ်လာ သတို့သမီး ကို ပို့ဆောင်ကြလေတယ်။
ချန်အန်း မှာ ရှိတဲ့ အမျိုးသမီးလေးတွေ ကတော့ ဒီလို ခမ်းနားတဲ့ မဂ်လာပွဲ မျိုးကို တွေ့ရလို့ တော်ဝင်မင်သမီး ရှု ကို အားကျ မနာလို ရမယ့် အစား သူမကိုသာ သနားနေကြလေတယ်။ ဘာကြောင့်လဲ ဆိုတော့ ဖန်းစစ်သူကြီး ရဲ့ တတိယမြောက် သားကို လက်ဆက် ရမှာ ဖြစ်တဲ့ အတွက်ကြောင့်ပဲ ဖြစ်လေတယ်။
ဖန်း စစ်သူကြီး ဟာ ယခု နန်းတက်နေတဲ့ ဧကရာဇ် ရဲ့ အိမ်ရှေ့စံ ဘဝတုံးက စစ်မြေပြင်မှာ ကယ်တင်ရင်း ဆုံးပါးခဲ့တာကြောင့် သူ့ရဲ့ သားတွေ ထဲက တစ်ယောက် နဲ့ အချစ်ဆုံး ညီမတော်ကို လက်ဆက်ပေး ဖို့ ကတိပေးခဲ့တယ်။
ဖန်း စစ်သူကြီး မှာ ဖန်းရှောင်ကျွင်း၊ ဖန်းရှောင်ဖူ နဲ့ ဖန်းရှောင်စန်း ဆိုတဲ့ သားသုံးယောက် ရှိ ပြီးတော့ ပထမသား နဲ့ ဒုတိယသားတို့က တရားဝင်ဇနီးတွေ ရှိပြီးတော့ အခုချိန် နယ်စပ်မြို့တွေမှာ တာဝန်ထမ်းဆောင် နေရတာကြောင့် အငယ်ဆုံး သားဖြစ်တဲ့ ဖန်းရှောင်စန်းကလည်း တရားဝင်ဇနီး ဝေးစွ ကိုယ်လုပ်တော် တောင်မရှိတဲ့ သူပေမို့ ညီမတော်ကို လက်ဆက်ပေး လိုက်ရခြင်းပဲ ဖြစ်တယ်။
ဖန်း ပထမသား နဲ့ ဒုတိယ သားဟာ ဆိုရင်ဖြင့် တစ်ယောက် က အဖေ့ရာထူးဆက်ခံ နိုင်တဲ့ သူရဲကောင်း စစ်သူကြီး တစ်ယောက် ဖြစ်ပြီးတော့ နောက်တစ်ယောက် က ဧကရာဇ် ရဲ့ လက်တစ်ဖက် ဖြစ်တဲ့ တရားရေးရာ အမတ်ဖြစ်လေတယ်။ ဒါပေမယ့် တတိယ သားကတော့ မိခင် ဘက်က ပိုးကုန်သည်မျိုးရိုးလိုက်ပြီးတော့ မြို့တော်တွင်းမှာ အကြီးဆုံး ပိုးဖဲ ကုန်သည် လူချမ်းသာ သာ ဖြစ်လေတယ်။
KAMU SEDANG MEMBACA
COMPLETE မင်းပဲကိုယ့်ကို နားလည်တယ် ဇနီးလေး
Fiksi Sejarahဒါက ခရစ်စမတ် လက်ဆောင်အဖြစ်ပေးမယ့် အတိုလေး တစ်ပုဒ် ပါ ဒီနေ့ ၂၃ရက်ကနေ စရေးပြီးတော့ ၂၄ ရက်နေ့ အပြီးသတ်ပေးမယ့် ဝတ္ထုတိုလေးပါနော်။ တတိယမြောက် ကိုယ်ပိုင်ဖန်တီးသည်ပေါ့။ ဟုတ်ကဲ့ BXG ပါ ဒါပေမယ့် ဖက်လို့နောင်တ မရစေရပါဘူးနော်။ ဆိုတော့ စလိုက်ကြရအောင်....။