[Unicode]နောက်ဆုံး မြို့တော်ကို ပြန်ရောက် တဲ့အချိန် ဖန်းရှောင်စန်းရဲ့ တောင်းဆိုချက်အရ တော်ဝင်မင်သမီး ကို သူမရဲ့ အပျိုစင်ဘွဲ့ ပြန်အပ်နှင်းကာ ဖန်းရှောင်စန်း က လိင်တူ နှစ်သက်သူ တစ်ယောက် ဖြစ်တယ်လို့ ဧကရာဇ် က ကြေညာခဲ့တယ်။
သူသေ သွားသည့် တိုင်အောင် ချစ်ရတဲ့ ဇနီးလေးကို ကာကွယ်ပေးသွားတဲ့ ယောကျာ်းတစ်ယောက်ပါပဲ။ တော်ဝင်မင်းသမီး ခမျာ အစပိုင်းတုံးက ငိုကြွေးခဲ့ပေမယ့် နောက် ရက်တွေ လတွေ နှစ်တွေ ကြာလာတော့ သူမရဲ့ ခံစားချက် တွေ တိမ်းပါးလာခဲ့တယ်။
ဖန်းရှောင်စန်း ဆုံးပါးပြီးနောက်ပိုင်း မြို့တော်မှာ ရှိတဲ့ ဖန်းစစ်သူကြီး အိမ်တော်ကို ဖန်းအကိုကြီးနဲ့ အကိုလေးတို့က ဖယ်ရှားခဲ့ပြီးတော့ ဧကရာဇ် ဆီစာတင်ခဲ့လေတယ်။
သူတို့ရဲ့ ညီလေးဟာ နာမကျန်းဖြစ်ပေမယ့် ခရီးသွား ပြီးတောတောင် ရေမြေကို သွားလာရတာ အလွန်သဘောကျလေတယ်။ ငယ်စဥ်အတူရှိနေတုံးက သူ့မွေးနေ့ရောက်ရင် အကိုကြီး နဲ့အကိုလေးက အငယ်ဆုံးလေးကို ခေါ်ပြီး ခရီးတိုလေးတွေ ၂ရက် ၃ရက်လောက် လျောက်သွားကြတယ်။ ပြန်လာရင်တော့ ပန်းအိုးတွေ ခေါင်းပေါ်တင် လက်မြောက်ပြီး အဝတ်လျှော်ပြားပေါ်ညီအစ်ကို ၃ ယောက် ဒူးထောက်ကြရလေတယ်။
အသက်တွေ ကြီးလာတော့ သူ့အိမ်ထောင်နဲ့သူ ၊ သူ့တာဝန်နဲ့သူ ဖြစ်ကုန်တာမို့ အငယ်ဆုံး လေးရဲ့ ကြိုက်နှစ် သက်မှုတွေကို အလိုမလိုက် နိုင်တော့သလို ပျော်ရွှင် မှုတွေလည်း ပြန်မရနိုင်တော့ဘူး ။ အခုတော့ သူတို့ ညီလေးက ဆုံးပါးသွား ခဲ့ပြီ။ သူတို့ကြိုးစား ခဲ့သမျှက သူတို့ညီလေးတောင် မကာကွယ်နိုင်တာ သူတို့ဘာမှထပ်မလုပ်ပေး နိုင်တော့ဘူး။ သူတို့ရဲ့ ကလေးလေး မရှိတော့ဘူး။ ဒါကြောင့် ထက်မြတ်လွန်းတဲ့ ဖန်းစစ်သူကြီး ဖြစ်တဲ့ ဖန်းအကိုကြီးဟာ နယ်စပ်မြို့လေးမှာပဲ တစ်သက်လုံး နေပါရစေလို့ တောင်းဆိုခဲ့တယ်။ ဖန်းအကိုကြီးရဲ့ ဇနီးကလည်း စစ်သူကြီး တစ်ယောက် ဖြစ်တာကြောင့် သူမခင်ပွန်းနဲ့အတူ ရှိနေပေးကာ နှစ်သိမ့်ပေး ခဲ့တယ်။
![](https://img.wattpad.com/cover/295576615-288-k141454.jpg)
ŞİMDİ OKUDUĞUN
COMPLETE မင်းပဲကိုယ့်ကို နားလည်တယ် ဇနီးလေး
Tarihi Kurguဒါက ခရစ်စမတ် လက်ဆောင်အဖြစ်ပေးမယ့် အတိုလေး တစ်ပုဒ် ပါ ဒီနေ့ ၂၃ရက်ကနေ စရေးပြီးတော့ ၂၄ ရက်နေ့ အပြီးသတ်ပေးမယ့် ဝတ္ထုတိုလေးပါနော်။ တတိယမြောက် ကိုယ်ပိုင်ဖန်တီးသည်ပေါ့။ ဟုတ်ကဲ့ BXG ပါ ဒါပေမယ့် ဖက်လို့နောင်တ မရစေရပါဘူးနော်။ ဆိုတော့ စလိုက်ကြရအောင်....။