Part 11
"ဘယ်မှာလဲမသိဘူး ရှီးချန်က"
ကျန်းချန်တယောက်ဆိုင်ရှေ့တွင်ရပ်မိနေသည်မှာ၁၅မိနစ်ခန့်ရှိပြီ
လုပ်မယ်ကွာ ငါသတ္တိရှိရမယ် ၀င်မယ်ဆုံးဖြတ်ပြီးချိန်ဆိုင်ထဲ၀င်လာတော့ ရုတ်တရက် မို့ရှီးချန်ကိုရှာမတွေ့
ဘယ်နားမှာပါလိမ့်
မတွေ့သောကြောင့်ကောင်တာကတာ၀န်ကျတယောက်ကိုမေးလိုက်သည်
"တစိတ်လောက် ညီမလေး.... ဟို"
"ဟုတ်ကဲ့ ဘာများကူညီပေးရမလဲအကို"
"ဟို ဟာလေ လန်ရှီးချန်ဆိုတဲ့နာမည်နဲ့ ဘွတ်ကင်လုပ်ထားတဲ့၀ိုင်းကဘယ်မှာလဲခင်ဗျ...."
"ဪ ဒုတိယထပ်၀င်ပေါက်ဘေးကပ်ရပ်မှာပါရှင့်..."
"ဒုတိယထပ်မှာလား..."
"ဟုတ်ကဲ့..."
"လာတုန်းက စိတ်ဆုံးဖြတ်ပြီးလာခဲ့ပေမယ့်လို့ ဒုတိယထပ်ကိုတက်မယ်ဆိုတော့ လှေကားကိုကြည့်ပြီး ချိတုံချတုံဖြစ်နေမိသည်..."
အခုနေငါသွားရင်သူတို့ဘာဖြစ်သွားမလဲ
ငါ့ကိုဘယ်လိုထင်သွားကြမှာလဲ
ကိုယ်တိုင်ဆက်သွယ်ပေးပြီးလိုက်နှောက်ယှက်တယ်ထင်သွားမှာလား
အတွေးပေါင်းများစွာကနှိပ်စက်သောကြောင့်ချွေးများပါပြန်လာသည်"အကို.."
"....."
"အကိုနဲနဲလောက်ခင်ဗျ.."
"ဗျာ..."
ဪ ဟုတ်သား သူလှေကားရှေ့မှာပိတ်ရပ်နေတော့ လမ်းသွားရတာအနှောင့်အယှက်ဖြစ်နေသည်လေ
ဟုတ်ပီ ဘာပဲဖြစ်ဖြစ်ကွာ ဟိုရောက်ရင်သိရမှာပေါ့။ခြေလှမ်းစလှမ်းရမယ် မင်းရင်ဆိုင်လိုက်စမ်းကျန်းချန် မင်းမှမလွှတ်နိုင်တာ
ကျန်းချန်လှေကားတထစ်စတက်လိုက်သည်။ထို့နောက်ဒုတိယတထစ်....
တတိယထစ်....
လှေကားကသိပ်မရှည်သည်မို့နောက်သုံးထစ်ဆိုအပေါ်ကိုရောက်ပြီ.."တကယ်ပေါ့။ဟားဟား မင်းသဘောပါပဲ
..."ကြားလိုက်ရတဲ့အသံက ရှီးချန်မှရှီးချန်အသံစစ်စစ်....
မဆိုစလောက်ကြားရပေမယ့် ပျော်ရွှင်နေတဲ့အသံဆိုတာသိသာသည်
"ငါ...ငါ...ဆက်ပြီးတက်သင့်လား"
"ဟင့်အင်း..ငါမစွန့်လွှတ်နိုင်ဘူး"
နောက်တလှမ်းလှမ်းမယ်ဆိုတော့ ရှီးချန်တို့က ထလာပြီလေ....
လှေကား၀မှာကရှီးချန်နဲ့သူ့ဘေးကကောင်လေးဟုတ်တယ် ရှီးချန်က မတွေ့ချင်ဘူး လို့အကြိမ်ကြိမ်ငြင်းခဲ့တာကို ကျွန်တော့ကိုမခင်လို့မတွေ့တာဆိုပြီး အတင်းသွားတွေ့ခိုင်းခဲ့တဲ့ ကျွန်တော့selectionထဲကတယောက်
အခုလိုယှဉ္ တွေ့ပြန်တော့လည်း စိတ်ထဲမှိုင်းလာသလိုလို အသက်ရှူကြပ်သလိုလိုပါလား
ပြုံးနေတဲ့သူတို့နှစ်ယောက်ရဲ့မျက်နှာတွေကကျန်းချန်ဆီသို့အရောက် မှာရပ်တန့်သွားလေ၏။
အနေကြပ်သွားတာထင်တယ်
"ကျန်းချန်... ကိစ္စရှိလို့လား"
အဟက် ညီလို့တောင်မဟုတ်တော့ပါလား
ကျန်းချန်တဲ့ ...အေးပေါ့လေ...ငါအထင်မှားခဲ့တာထင်တယ် ..."မ....မရှိပါဘူး...အဆင်ပြေလားလို့လာကြည့်တာပါ.."
"အဲ့လောက်ထိအားစိုက်စရာမလိုပါဘူးကွာ....ကိုကမင်းကိုကျေးဇူးတောင်တင်နေတာ"
ကျေးဇူးတင်တယ် ....ဟုတ်လား
ကျွန်တော်ကတော့ မှားသွားပြီ ကျွန်တော့ခံစားချက်တွေကခင်ဗျား အပေါ်မှာယိမ်းယိုင်နေပြီ"ကဲပါလေ ကိုတို့ နှစ်ယောက်ပန်းချီ ပြပွဲသွားကြမလို့ ..."
ပြောပြီးနာရီကိုလှမ်းကြည့်လိုက်တဲ့ပုံစံက ကျွန်တော့ကိုနှင်ထုတ်နေသယောင်
ဟုတိပါပြီ ကျွန်တော်ကပဲအလိုက်သိပေးပါ့မယ်"ဟုတ်ပြီ အာ့ဆိုကျွန်တော်သွားတော့မယ်...."
" ဒါနဲ့ ရရဲ့လားအကိုကျန်းချန် အကို့ကြည့်ရတာဖြူဖျော့နေတာပဲ"
"ရ..ရပါတယ်"
သူတို့သွားမှာမို့ကျန်းချန်လှေကားမှပြန်ဆင်းပေးလိုက်သည်
တီ!
message noti တက်လာသံကြားလို့ ြ၈ည့်လိုက်သည့်တခဏ
ကျန်းချန် ကမ္ဘာကြီးချာချာလည်သွားတော့သည်
ရှီးချန်.."မင်းကကို့ကိုစိတ်မချတဲ့ပုံပဲ ။စိတ်မပူနဲ့ ဒီတယောက်ကို ကိုသဘောကျတယ်''
နှလုံးသားတခုလုံးအစိတ်စိတ်ကွဲကြေသွားပြီ
အပိုင်းတပိုင်းလေးတော့ ပြီးသွားပြီ.ဖတ်ပေးတဲ့သူတိုင်းကိုကျေးဇူးတင်ပါတယ်နော် ပုံမှန်တင်နိုသ်ဖို့ကြိုးစားပါ့မယ်
အရင်ကပုံမှန်မတင်ပေးနိုင်ခဲ့လို့လဲတောင်းပန်ပါတယ်နော်။
YOU ARE READING
ခင်ဗျား...ခင်ဗျားဆိုတာလေ.....
Fanficအပျိုကြီးကျန်းချန်နှင့်လူပျိုကြီးရှီးချန်တို့ကို shipပေးချင်လွန်း၍ရေးခြင်းသာဖြစ်ပါကြောင်း....