NC - 5

2.5K 195 4
                                    

Uni..

ဒီရက်ပိုင်းတွေမှာ စာသင်ချိန်အများစုက ကိုယ့်အတွက်ပျင်းစရာကောင်းနေတယ်။ မြင်နေကျနေရာမှာ မြင်ချင်တဲ့လူသားဟာ ရှိမနေလို့ဖြစ်ပါလိမ့်မယ်။ ဝမ်ရိပေါ်က ကိုယ့်ကိုရှောင်နေခဲ့တယ် ။

ဝမ်ရိပေါ်နဲ့ မနီးစပ်ချင်တာလည်း ကိုယ်ကိုယ်တိုင်ပဲ ဖြစ်ပြီး ဝမ်ရိပေါ်နဲ့ မဝေးသွားချင်တာကလည်း ကိုယ်ကိုယ်တိုင်ပဲ ဖြစ်နေပြန်တယ် ။

လူ့စိတ်ဆိုတာ မှန်းရခက်ပါသတဲ့..။
ဝမ်ရိပေါ်အနားကို ပြေးပြေးသွားလိုက်ချင်တဲ့ ကိုယ့်စိတ်ကတော့ ဖမ်းရပိုခက်ပါတယ်။ ဖြစ်နိုင်ရင် ထိန်းချုပ်ဖို့ မလွယ်တဲ့ စိတ်စေတသိက်ကို လွတ်လပ်စွာ ပြေးထွက်ခွင့်ပေးလိုက်ချင်ပါတယ် ။

"ရှောင်းကျန့်.. ဘယ်သွားမလို့လဲ။ အတန်းစတော့မှာလေ "

"ခေါင်မိုးထပ်ကို.. "

ဝူရှုမေးလာတဲ့ မေးခွန်းကို တိုတိုနဲ့လိုရင်းသာဖြေလိုက်ပြီး အတန်းထဲကနေ ထွက်လာခဲ့တယ် ။

လေကောင်းလေသန့်ရှူဖို့ ခေါင်မိုးထပ်ကိုရောက်တော့ ဝမ်ရိပေါ်က ရှိနေတယ်။ ခေါင်မိုးထပ်က ခုံတန်းရှည်ပေါ်မှာ နက်ပြာရောင်ကျောင်းသားကုတ်ကို မျက်နှာပေါ်အုပ်ပြီး လှဲအိပ်နေတဲ့ ဝမ်ရိပေါ်က အိပ်ပျော်နေဟန်ရပါတယ် ။

ဝမ်ရိပေါ်အနားကို ကိုယ်တိုးသွားမိတယ် ။
ဝမ်ရိပေါ်ရဲ့ခေါင်းရင်းဘက် လွတ်နေတဲ့ ခုံလေးပေါ်မှာ ကိုယ်ထိုင်ချလိုက်ရင်း မျက်နှာပေါ်က အဝတ်ကိုဖယ်လိုက်မိပြန်တယ်။

အဝတ်ဖယ်ရှားလိုက်လို့ ပေါ်လာတဲ့ မျက်နှာဥဥလေးက နေရောင်စူးတာကြောင့် မျက်ခုံးတွေစုကြုံ့လာတဲ့အခါ ကိုယ့်လက်ကို မြှောက်ကာလိုက်တယ်။ မျက်နှာတစ်ခုလုံးအတွက် မလုံပေမဲ့ မျက်လုံးတွေကိုတော့ ကာထားနိုင်ပါတယ် ။

ကိုယ့်လက်အရိပ်အောက်မှာ အသက်ရှူသံမှန်မှန်နဲ့ အိပ်ပျော်နေတဲ့ ဝမ်ရိပေါ်က နှာခေါင်းလုံးလေးနဲ့..။
ပါးဖောင်းလေးတွေလည်း ပါတာပဲ..။
အာ. . နှုတ်ခမ်းဆူဆူသေးသေးလေးရော..။

ကျန်သေးတယ်..
မျက်ခုံးတန်းတွေ ၊ စေ့ပိတ်ထားတဲ့ မျက်ခွံဖောင်းဖောင်းလေးတွေ... အားလုံးက ဒီလူသားရဲ့ မျက်နှာပေါ်မှာ သေသေသပ်သပ် ရှိတဲ့အပြင် မိန်မမဆန်တဲ့ နူးညံ့ခြင်းတစ်မျိုးကလည်း ဝမ်ရိပေါ်ရဲ့ ကိုယ်ရောင်ပေါ်မှာ ထင်ဟပ်နေတယ် ။

𝐍𝐞𝐞𝐝 𝐓𝐨 𝐁𝐞 𝐂𝐥𝐨𝐬𝐞.. [Completed] Where stories live. Discover now